ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 29, 2013

သူ စိမ်း ပြီ လား

သူ စိမ်း ပြီ လား
!!!!!!~~~!!!!!!

ခင်
မနွယ်ခင်က
မုန်းမာန်ခင်းလို့
တိမ်းရက်လေအား
စိမ်းပြီလား ကွယ်

ခင်
မချစ်ခင် မုန်း
သည် အပြုံး ကြောင့်
ကျွမ်းလှ ရင်ခွင်
ပျော်မရွှင် ဘူး ~

ခင်
တစ်သက် တစ်ခါ
တစ်ကြိမ် တစ်ချစ်
မဖြစ် အပ်လည်း
မေတ္တာ သိလို့
သစ္စာ ရှိရင်
အကြွေ ပန်းလည်း
ဝေခါ လန်းအောင်
မောင် နမ်းပါ မယ်

ခင်
ခုများ ဘယ်မှာ
သွေဖယ် ခွာရင်း
မကြင် ရှောင်ပုန်း
ဘယ်တွက် မုန်းလဲ
မုန်းမာန် ပျိုးလို့
ရက်စက် ရင်လည်း
သည် မောင့် အသည်း
ဓား ထက်ထက်ရယ်
မလို တော့ပါဘူး ©

ခင်
ချစ်မိ ရင်ခွင်
အပြစ် မြင်ခါ့
မကြင် နာလို့
စိမ်းခဲ့ရင်လည်း
မစိမ်း သူမှာ
မောလျ နွမ်းပြီမို့
ခင် ရေ
အစိမ်းသက်သက်သာ
ခွဲ ခဲ့ ပါ .......

No comments:

Post a Comment