------------

နှစ်ကမ္ဘာ မတိုင်ပေမဲ့
မေတ္တာ တွေခိုင်ခဲ့ပါတယ် လှိုင်
ရက်တစ်ရာ မတိုင်ပေမဲ့လည်း
သစ္စာတွေ နိင်ခဲ့ပါတယ် လှိုင်
အရှိနဲ့ အသိကို ဝေခွဲလို့
နင့်အပေါ်ကိုမှ ငါ့ အချစ်တွေ
ရူးခဲ့လေသလား လှိုင်
မာယာအချစ် တဏှာရစ်လို့
ငါ့ အသည်းက နင့်ခွဲဖို့များ
မွေးဖွားခဲ့လေသလား လှိုင်
မကြင်နာ တမင်စိမ်းပေမယ့်
သစ္စာမပျက် မေတ္တာဖတ်လို့
ငါ့ ပြုံး ပြုံး ကြီး နေပေးမယ် လှိုင်
တဒင်္ဂ အချစ်တွေ ငါ့ ရင်မှ
ဖြစ်လာခဲ့ရင်လေ ဘယ်မှာလာလို့
ငါ ဖွင့်ခါပြောမလည်း လှိုင်
အဆင်းလည်းသိ အချင်းလည်းသိသူကို
မူယာတစ်သွယ် မာယာဥာဏ်နဲ့
ခလောက် ဆန် ခဲ့လေသလား လှိုင်
မရေရာတာတွေ များတဲ့လောကမှာ
နင့်လို့ မာယာ ကြွယ် မိန်းမလည်မျိုးနဲ့
ငါ ဝေးခဲ့တာတော့ ငါ့ အတွက်က
ဘုရားပေးတဲ့ ဆုပါပဲ လှိုင်
No comments:
Post a Comment