--------------------------
သတိအရမ်းရတယ် ချစ်သူရေ
လွမ်းတယ်ဆိုတာထက် ပိုတာပေါ့
တစ်နိင်ငံရေမြေတွေ စည်းကာခြားလို့
တို့နှစ်ကိုယ် မဆုံတွေ့ကြသေးပေမယ့်
ရင်ခုန်သံ ထပ်တူညီလို့
တွက်လက်တွေ ခိုင်ခိုင်မြဲနေတာလေ .....
တစ်ပတ်တစ်ခါမှ မဟုတ်ပါဘူးကွယ်
နေ့တိုင်း နေ့တိုင်းကိုဖြင့်
ချစ်သူ အသံလေးကိုတော့
ကြားချင်မိတာ နှလုံးသားက
မလွန်ဆန်နိင်တဲ့ စေရာပါ .....
နားလည်မှုနဲ့ သစ္စာတွေရှိနေသူမို့
သံသယဆိုတာတွေ ဝေလာဝေး
အမုန်းဆိုတာ ဘယ်ခါမတွေးပဲ
မောင် လေ .......
တစ်ခုလေးပဲ မျှော်လင့်မိတယ်
ချစ်သူ့အဖေနဲ့ မောင့် အတွက်ကိုယ်
ကျန်းမာရေးလေး ဂရုစိုက်ပေးရင်း
တိုက်ဆိုင်မှုရှိတိုင်း သတိတရလေးသာ
ရှိလို့ပေးပါ ချစ်သူရယ် ကွယ် .......

No comments:
Post a Comment