&&&&&&&&&&&&
တစ်သက် တစ်ခါရယ်
တဒင်္ဂ အချစ်တွေနဲ့
ထား ရစ် သူ ရေ .....
ခူး လို့ပင် ခြွေ
ဝေ လို့ပင် မကြွေရပါပဲ
ကျွန်မ အသည်းကိုမှ
သစ္စာ မပါ
မေတ္တာ ဓါးထက်ထက်နဲ့
ခွဲရက် လေသလား
မောင် စိမ်းကား ရယ် .....
နှစ်မွှာ အသည်း
ကြွေခါ ကွဲတော့
ဝေပါ မစဲ
မျက်ရည် သည်းရင်း
သခင် မမြင်
သခင် မသိပါလည်း
ထားရစ်သူ မောင်စိမ်းကားသို့
အချစ် သေခါ လွမ်းကဗျာနဲ့
ဆုတောင်းခါ အမှာခြွေလိုက်မည်
အရှုံးတရားတွေနဲ့
ကျွန်မ နှလုံးသား ဈာပန ပွဲကို
မာယာ မပါ စေတနာနဲ့
ကြေးစည်သံလေး လှိုင် လှိုင် ထုရင်း
ပို့ဆောင်ကာ ဆုတောင်းပေးပါလား
ထား ရစ် နိင် သူ ကြီး ရယ် .....

No comments:
Post a Comment