*************

ရွှေလည်တိုင် ဖော့ဖယောင်းရယ်နဲ့
ဆင်းလှတော်ဝင် မောင့်သခင်ရယ်
တဒင်္ဂအချစ်တွေ ရင်မှဖြစ်ရင်
ချစ်မိစေသား မေတ္တာထားလို့
မောင့် သစ္စာတွေ မြဲပါမလား .....
ခုတော့ ခင်ရယ်
အမုန်းဆိုတာ ဝေးလာဝေး
ဩော် .....
သေခြာမတွေးပါပဲ နှစ်ကိုယ်ဝေးမဲ့
ရှေ့ရေးတွေကို ကြိုတင်ခါတွေးရင်း
မုန်းပင်စိုက်လို့ သွေဖီရှောင်ပုန်း
အဝေးနယ် ပြစ်ခွာမဆုံးတော့
စိတ္တဇအသည်းနဲ့ မောင့်မှာလေ
အိပ်မရ အမြဲပါ တကား ခင် ...
သစ္စာ အိမ်တခါး ရပ်ဝန်းမှ
မေတ္တာတွေပင် တိမ်းပါး လို့
ခင် ရယ်
တမင် စိမ်းချင်ကလည်း စိမ်း
မောင့် အချစ်တွေက လေ
သွေခွာ ဘယ်ခါမတိမ်း မို့
ခင် ရေ
မျှော်ရင်းတမ်းတ မောင့်ဘဝက
နေမြင့်လေလေ အရူးရင့်လေနဲ့
တိုင်တည်သစ္စာ ထားလိုက်ပါမည်
ချစ်သော သခင်မှ
မုန်းပါ မေ့ပါ ရက်စက်ခွာလည်း
သေတောင်မမုန်း အချစ်ဆုံးကို
ကမ္ဘာတည်အမြဲ ထာဝရစဉ်စွဲလို့
ခင့် အနားမှာပဲ သေပါရစေတော့ ကွယ် ...

ရွှေလည်တိုင် ဖော့ဖယောင်းရယ်နဲ့
ဆင်းလှတော်ဝင် မောင့်သခင်ရယ်
တဒင်္ဂအချစ်တွေ ရင်မှဖြစ်ရင်
ချစ်မိစေသား မေတ္တာထားလို့
မောင့် သစ္စာတွေ မြဲပါမလား .....
ခုတော့ ခင်ရယ်
အမုန်းဆိုတာ ဝေးလာဝေး
ဩော် .....
သေခြာမတွေးပါပဲ နှစ်ကိုယ်ဝေးမဲ့
ရှေ့ရေးတွေကို ကြိုတင်ခါတွေးရင်း
မုန်းပင်စိုက်လို့ သွေဖီရှောင်ပုန်း
အဝေးနယ် ပြစ်ခွာမဆုံးတော့
စိတ္တဇအသည်းနဲ့ မောင့်မှာလေ
အိပ်မရ အမြဲပါ တကား ခင် ...
သစ္စာ အိမ်တခါး ရပ်ဝန်းမှ
မေတ္တာတွေပင် တိမ်းပါး လို့
ခင် ရယ်
တမင် စိမ်းချင်ကလည်း စိမ်း
မောင့် အချစ်တွေက လေ
သွေခွာ ဘယ်ခါမတိမ်း မို့
ခင် ရေ
မျှော်ရင်းတမ်းတ မောင့်ဘဝက
နေမြင့်လေလေ အရူးရင့်လေနဲ့
တိုင်တည်သစ္စာ ထားလိုက်ပါမည်
ချစ်သော သခင်မှ
မုန်းပါ မေ့ပါ ရက်စက်ခွာလည်း
သေတောင်မမုန်း အချစ်ဆုံးကို
ကမ္ဘာတည်အမြဲ ထာဝရစဉ်စွဲလို့
ခင့် အနားမှာပဲ သေပါရစေတော့ ကွယ် ...
No comments:
Post a Comment