ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, October 28, 2013

ချစ်သူ ဖတ်ဖို့ (၄)



ချစ်သူ ဖတ်ဖို့ (၄)
♥♥♥♥♥♥♥♥♥♥♥♥

ခင် ရေ
နှစ်လွှာ တစ်ရွက်
စွယ်တော် ရွက်နှယ်
ဘယ်ခါ မခွဲ
အတူ တွဲလို့
နေကြ မယ်လေ
ရည်စူး ပေမယ့်
ချစ်တဲ့ သူငယ်
ခင် သက်လျာက
မုန်းရောင် ချယ်တော့
အပြုံး ကွယ်ပျောက်
အလွမ်း တစ်ပေါက် ~~

ခင် ရေ
ကြာ တစ်ပွင့်လို
တစ်ရိုး တစ်ငုံ
ဖူးပွင့် စုံရင်း
သစ္စာ က ရစ်
မေတ္တာ စစ်ဖြင့်
ချစ်မိစေ သား
ကြင်နာ ထားမယ်
စိတ်ကူး ပေမယ့်
ချစ်တဲ့ သူငယ်
ခင် သက်လျာက
မေတ္တာ မယုံ
ကံ ကိုယ်ပုံရင်း
သွေခွာ ပြေးတော့
နှလုံး ကြွေခြောက်
အချစ် ပျောက်လို့
မောင့် ဘဝတော့
သေ ခဲ့ ပြီ !^!

No comments:

Post a Comment