
သူစိမ်းပေမယ့် မေတ္တာမယိမ်း
××××××××××××××
ပွင့်လင်းစွာ ရင်ဖွင့်မိ၍
နင် မကြင်နာ လို့များ
တမင်စိမ်းလေသလား ....
နှလုံးသားမှာ မုန်းတရားမပါပဲ
အရူံးများစွာနဲ့ ပြုံးပြပေးပါမယ်
ငါ့ကိုယ်မချစ်တဲ့ ငါ့ချစ်ရယ် ....
တစ်သက်တစ်ခါ
တစ်ညှာတစ်ပွင့်
တစ်ရိုးတစ်ငုံ
မဖြစ်စေထား
မုသားမပါ
မလိမ်ဝင့်ပဲ
မှန်ရာလျောက်လို့ 
အချစ်တွေကို
ရင်ဖွင့်မိတာ
မှန်သောသစ္စာ
အကြင်နာတွေပါ ခင်ရယ် ...
မကြင်နာလို့ စိမ်းခြင်လည်းစိမ်း
သည်ရင်မှာ သူစိမ်းလို့များ
မသတ်မှတ်သူမို့ အချစ်ရေ
မောင်ကတော့ မေတ္တာဘယ်မယိမ်း ...
No comments:
Post a Comment