~~~~~~~~~~

မောင် ခိုင်မြဲစွာတွဲမဲ့ ဒီတွဲလက်ကို
မောင် ကြင်နာစွာ ပွေ.ဖက်မယ်
အလွမ်းခန်းတွေ မရုပ်သိမ်းခင်ပေါ့ .....
ဆန္ဒတွေကို ရေတွက်ရင်း
ခင် နဲ့ နီး ရမယ့်အချိန်ကို
မောင် တမ်းတနေမယ်ဆို
ခင့် ဆုတောင်းက ဘာဖြစ်မလဲ.....
ထပ်တူထပ်မျှပါလို. နားဝမှာ
အားရအောင် ခင် ပြောပေးပါလား .....
အားမလိုအားမရနဲ့ ခံစားနေမိတာ
ခင် ချစ်တယ်ပြောလိုက်လားဟင်....
မယုံမရဲနဲ့ နုံ အ တဲ့ကလေးလိုပဲ
ဒဏ္ဍာရီလား ပုံပြင်လားဆိုပြီး
မောင် တွေးနေမိတာပါ ....
မ၀ံ့မရဲနဲ့ အရဲစွန့်ပြီးချစ်လိုက်တာ
အလည်း အကွဲ လုပ်လိုက်ရင်
အသဲကွဲမှာ စိုးလို့ပါ ခင်ရယ် ....
အသဲစွဲအောင်ချစ်မှာမို့ အပြစ်ရှာပြီး
အသစ်ရှာလည်း မငြိုငြင်ပါဘူးကွာ.....
ခင် မငိုအောင် ထားပေးနိုင်ဖို.
ကြိုးစားနေသူက မောင် ဆိုတော.
အင်အားတွေနဲ့ ခင် အားငယ်နေစဉ်မှာ
ပွေ့ဖက်ခွင့်လေး တော့ ခဏလေးဖြစ်ဖြစ်
ရချင်မိတယ် ချစ်သူ ရယ် .....
No comments:
Post a Comment