ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 29, 2013

ချစ်သူ ဖတ်ဖို့ (၁၉)

ချစ်သူ ဖတ်ဖို့ (၁၉)
^! !^ ------ ^! !^

မခေါ်သာ မျှော်ရင်း တမ်းတပေမယ့်
သြော်
သူပေါ်မလာ စိမ်းကားလေတော့
တစ်နေတစ်ရက်မှ မဟုတ်ပါဘူး
နေ့တိုင်းပင် စိတ်ညစ်တယ် ခင် ~~

သန်းခေါင်ကျော် မိုးပင် လင်းမပေါ့
စိတ်အတွေးနယ် အိပ်ရေးပျက်ပေမယ့်
သူမသည်သာ မြတ်နိုးရာလို့
နှလုံးမခြား မေတ္တာတရားနဲ့
သစ္စာထားတာ ချစ်ကညာတစ်ပါးမှ
သိပါလေစ သိလေစ ခင် •••

လေထန်တိုင်းဝေ ရနံ့ကြွေလည်း
ပွင့်ပန်းတိုင်းပင် နိုင်းမယှဉ်မို့
ခင် ရေ
တင်္ဒဂ`ဆူး´`မောင်´ကတော့ ရူး ***

No comments:

Post a Comment