ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, October 28, 2013

ပုလဲလိုသာ ပန်ပါလေ

ပုလဲလိုသာ ပန်ပါလေ
!!!!!!!!!!!!!!!!!!!!!!!!!!!!

လေ လာ တိမ်း ပါး
.................... ယိမ်း က စား တဲ့
ပဲ ပြား ပင် လည်း
............... မ ဖြစ် ချင် ဘူး ခင် ....

ရွက် ကျ ပင် ပေါက်
....... ရှင် သန် သောက် သည့်
မြက် ခြောက် ပင် လည်း
..... မ ဖြစ် ချင် ဘူး ခင် .....

ပင် မှ ရည် သန်
စိတ် အ မှန် နဲ့
သ ဒ္ဒါ ဖွဲ့ စည်
ရွှန်း မြ မှီ သည့်
တစ် သွင် သွင် သာ
စီး သွယ် ကြ သော
ရေ အ လျင် လို့
ချစ် ပါ ရ စေ ခင် .....

အ သည်း မှာ ကွယ်
က ဗ္ဗည်း ထိုး ရင်း
ကျောက် စိုင် ကျောက် သား
ခိုင် မား ညား ရယ်
ပေ မှာ တစ် သီး
ကျီး တစ် သား နဲ့
သက် သေ မျက် ရည်
မောင် ပေး ပါ မယ်
ရင် ကိုယ် ခွဲ လို့
အ သည်း ကို လေ
ပု လဲ လို့ သာ ပန် တော့ လေ ......

No comments:

Post a Comment