!!!!!!!!!!!!!!!!!!!!!!!!

ခင်ရေ
အကြောင်း မအပ်လို့
မပေါင်း ရလည်း
ကောင်းမြတ် သလိုသာ
စီစဉ် ပါတော့ ကွယ် ......
ခင်ရေ
မေတ္တာ တရားရော
သစ္စာ တရားပါ
မောင့် ရင်မှာထား
ရှိနေ ညားမို့
အချစ် ကံ က
မွဲ လေသူ ကို
မုန်းပါ မေ့ပါ
ရက်စက် ပါတော့ နော် ....
ခင်ရေ
ကမ္ဘာ တည်ထိ
နှလုံးသား သစ္စာ
အရိန္ဒမာ လို့
ချစ်မိစေ သား
မေတ္တာ ထားရင်း
ယုံပါ ရင်က
အချစ် ဓါတ်ပင်
ခန်းခြောက် ပြီမို့
နွမ်းသူ ရင်ကို
ခွဲ ပါ တော့ လေ !!!!
No comments:
Post a Comment