။။။။။။။။။။။။။။။။။။

ခင် ရေ
ခင့် အပေါ်မယ်
သိ ကြား စေလေ
သက်သေ ညွှန်းလို့
မောင့် ရင်ထဲက
အနှိုင်းစ ကို
တိုင်းပြ ဖို့ရယ်
ဒီ ကမ္ဘာမှာ
ဝေါဟရ တွေ
ရှာဖွေ မတွေ့
ကျွမ်း တ မြေ့ မြေ့ ......
ခင် ရေ
မပေါင်း အပ်၍
ကောင်း မြတ်သလို
စဉ်စား ရင်လည်း
မေတ္တာ တရား
သစ္စာ ဓါးနဲ့
ခုတ် ပိုင်း ဖြတ်ခါ
ထားခဲ့ ပါတော့ .....
ခင် ရေ
ရင်မှ မျက်ရည်
မိုး သို့ ဆွေလည်း
ခင် မှ မမြင်
ခင် မကြင်မို့
နှောင်း တ မေ့ မေ့
ဩော်
အောက်မေ့ ရအုံးမှာပါ တကား .......
No comments:
Post a Comment