♥♥♥♥♥♥♥♥♥♥♥♥

ခင်ရေ
အကြောင်းကံက ဖယ်
ပေါင်းရန်မလွယ် လို့
ထားခဲ့မယ် ဆိုတာ
မောင် သိပေမယ့်လည်း
ရင်နင့်စွာ ယိုဖိတ်
ချစ်မိတဲ့ သည် စိတ်
မေ့ပျောက်ရန် မလွယ်
ခက်ခဲ့လွန်းတယ် မောင့် အချစ်ရယ်♥
ခင်ရေ
အချစ်ရဲ့ မနုဿ
မှန်းစရင်း ရှာဖွေ
နွမ်းလျ ဗျာပွေလို့
စိုးစိတ်တွေက ဝေ
ပမ်းလင့်လို့ကြွေ လည်း
ခင်မှမမြင် ခင်မကြင်တော့
ဪ ~~~
အချစ်ဆိုသော နိယာမက
ခါးသလားကွယ် မောင့် အချစ်ရယ်♥
ခင်ရေ
ချစ်မီးလျှံ ရင်ဝယ်ပိုက်ရင်း
မဖြစ်နိင်တာကို မျှော်လင့်
ရင်နင့်စွာ ချစ်မိခဲ့လို့
နှလုံးသား လွန်ဆွဲပွဲမှာ
မေတ္တာ အရှုံးသမားက
ငိုပွဲတွေ နွှဲခဲ့ရလည်း
အပြုံးများ ဒွန်တွဲရင်းလေ
ချစ်မိစေသား သစ္စာထားခါ
မျှော်လင့်စောင့်စား အချစ်ငတ်တဲ့
လူသားပေါ့ကွယ် မောင့် အချစ်ရယ်♥
No comments:
Post a Comment