♥♥♥♥♥♥♥♥♥♥♥♥♥

ခင်ရယ်
ခင့်အပေါ်မှာထား
မောင့် မေတ္တာ တရားက
ခန်းခြောက် တက်တဲ့
ရေအိုင်မှ မဟုတ်တာလေ
မှန်းဆ လို့မရတဲ့
ပင်လယ်ပြင်ပါ ~~
ခင်ရယ်
မေတ္တာဟာ အေးမြပေမယ့်
ကမ္ဘာဦး အစကတည်းက
ချစ်တဲ့သူတိုင်း ရင်နာရတာ
ကံတရားကြောင့်များလား
အချစ်ဆိုတဲ့ ဝေါဟာရ
ရှာဖွေကာ ခြေရာကောက်တော့
ခက်ဆစ်တွေ က ခပ်များများ
သစ္စာတွေက ခပ်ရှားရှားနဲ့
ပူတယ်လေ ဆယ်နွေကဲပြီမို့
အချစ်ရေ ©---
သူစိမ်းတွေလို့ မှတ်ထင်မထားသူက
သည်နေ့လည်း အိမ်မက်တယ် !!!!
No comments:
Post a Comment