------------------------

ကဲ ဘယ်လိုလဲ မိမာယာရယ်
ပြောလေ ကဲလေ မန်းလေ ပြဲလေနဲ့
အသိခေါက်ခက် အဝင်နက်လေ သလား
ဆန်မရှိ စောက်စားကြီးလို့
ဝ မရှိပဲ ဝိ လုပ်တက်တဲ့
လူစားထဲမှာ ငါ မပါတာကို
နင် မသိလေလျော့သလား မိမာယာ
အရှုံးများစွာနဲ့ ငါ့ နှလုံးသားတွေ
မြေခလို့ ကြွေကြခဲ့ရလည်း
အပြုံးမပျက် အမုန်းမဖက်ပဲ
တွဲလို့ခေါ်ပေးသူကိုယ်မှ အားမနာ
မသူတော်တစ်သိုက်နဲ့ ပျော်ပိုက်နေတာက
နင့် ဇရိုက်အမှန်လား မိမာယာ
သစ္စာက ခါး မေတ္တာက ပါးနဲ့
ယိုသူမရှက် မြင်သူ ရှက်လို့
သစ္စာတွေမွဲနေတဲ့ လောကကြီးမှာ
ပြာ ကျရင် ဘာမှမရတာက
သဘာဝရဲ့ ဓမ္မတာပါ မိမာယာ
ကိုယ့်အဆင့် ကိုယ်သိ
ကိုယ့်သမိုင်း ကိုယ်ရေး
ရာဇဝင်မှာ ဂဠုန်စောလို
နာမည်ရိုင်းတွေ မကျန်ရအောင်
မရေရာတဲ့ နင့်ဘဝကိုလေ
နင် သေခြာတွေးစမ်းပါ မိမာယာ
ထပ်ပြောလိုက်မယ် မိမာယာ
သဒ္ဒါကျွံရစ် နယ်လွန်ကာလေ
နင့် အပေါ်ကို ချစ်မိသွားတဲ့
ငါ့ အချစ် ငါ့ မေတ္တာတွေကို
ထပ်မစော်ကား လေနဲ့တော့
ရွက်ကျတိုင်း ပင်ပေါက်တက်တဲ့
န်င့် စိတ်ဓါတ်နဲ့ နင့်မာယာတွေကို
ပွဲလန့်တုန်းမှာ ဖျာ မခင်းတော့ဘူး
ရုံခါနေပြီမို့ ကန်တောဆွမ်းပဲ မိမာယာ
No comments:
Post a Comment