ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 29, 2013

'' အဝေးရောက် အမေ့သား တမ်းချင်း ''

'' အဝေးရောက် အမေ့သား တမ်းချင်း ''
-----------------------------------------

မလေးရှားမှ အိမ် အပြန်

ရွာ အဝင် ခရေပင်တမ်း

သား မှန်းလို့ မျှော်စမ်းတော့

မွေးမေရယ် သူငယ်ချင်းများနဲ့

ရွာ ကရယ် လူအကုန်လုံးက

ပြေးကြိုကြတုန်း ပျော်လို့ပင်မဆုံး ......


ပြည်မြန်မာ ဌာနေစခန်းမှ

မလေးကိုတဲ့ အမေ့သားအပြန်

အသည်းနှလုံး ရယ် ပါမလာတော့ဘူး ....


ဖေ့ဘုတ်တစ်ခွင် လွန်ပျော်ရွှင်လို့

ကဗျာခြွေချ သား ဘဝကလေ

မိတ်ရင်းဆွေခြာ မျိုးသဟာနဲ့

ခင်မင်သူငယ်ချင်း ရိုင်းပင်ကြရင်း

ရသစုံလင် ဘဝပုံဖော်ရင်းများ

မရွှင်အသည်းတွေက ခဏခဏ

နာလိုက်တာ မေမေ ရေ ..........

No comments:

Post a Comment