~~~~~~~~~~~~~

ချစ် သော မ ရေ
ကျွန်တော် ဘဝ အမှန်က
ဂုဏ် ဓန က သုည ပါ
ကောင်းကင်လိုလည်း မမြင့်မား
ရေမြေလိုလည်း မခန်းနားတဲ့
ဘဝ သမားမို့ ခဏ အနားမှာ
မနေနိင်တာကို ငြူစူကာ
အပြစ်တွေလည်း မတင်ရက်ပါဘူး .........
ချစ် သော မ ရေ
တဒင်္ဂ ဆိုတဲ့ အချစ်တွေ
ဖြစ်ပေါ်လာတာ မဟုတ်ရပါပဲ
ရင်ထဲက လာတဲ့ မေတ္တာ စစ်
သစ္စာ အချစ်တွေနဲ့ပါ ဗျာ ....
ချစ် သော မ ရေ
သိဝေမင်း က ဥမ္မာဒါနီ ကို
မြင်မိ မှ ရူးရသလို
မ အလှ မ ဘဝ ကို သိမှ
ချစ်မိစေသား မေတ္တာထားရင်း
နူတ်တစ်ရာ စာတစ်လုံးရယ်နဲ့
မခွဲတမ်း တစ်သက် စွဲလန်းလျက်မို့
ကျွန်တော်လေ
အရမ်း ချစ် တယ် မ ရယ် .....
No comments:
Post a Comment