!!!!!!!!!!!!!!!!!!!!!!!!!!

ထ ယောင် မှိုင် ငေး
............ အ တွေး လေ မြူး
ဟို ဒီ လူး လို့
ကျွန်မ
ရူးများ ရူးလား
မသိပါဘူး မောင် .....
မွန်း ကျပ် ဘ ဝင်
စား မ ဝင် လို့
လေ ကြွေ အ နောက်
ခြေ ရာ ဖျောက် တော့
ကျွမ်း လှ ရင် ခွင်
စိတ် မ ရွှင် ဘူး မောင် ....
ကဗျာ မဆန်
ကာရန် မလှလို့
ပေးခဲ့ ပန်းတစ်ပွင့်
အပြစ် ပင် လုပ်
ရန်လည်း မလုပ်ရက်ပါ မောင် ....
အတွေးနယ် မှာ
အဆွေးရယ် ကြွယ်တော့
မရေရာ ဘဝ
မေ ဘယ်လို စရမလဲ မောင် ....
နွမ်းလျ နှလုံး
အမြဲ သေဆုံးတော့
ကျွန်မ ချစ်မိ
ဩော် အပြစ်ရှိပြီပေါ့ မောင် ....
No comments:
Post a Comment