
ချစ်နေမြဲပါ ငယ်
----------------
ရင်မှ သမုဒယ
တွယ်လို့ ယုယရင်း
စိတ္တဇ အသည်းနဲ့
့
အတိတ် ဘဝတောင်
မလွဲခြင်ပါဘူး ငယ် .....
အလှမ်း ကွာလို့
လွမ်းစာ ရေးလည်း
လွမ်းရေရယ် မပျယ်
သတိရမိတယ် ငယ် ......
့
နှစ်ကမ္ဘာ တိုင်
သစ္စာ ခိုင်ရင်း
မေတ္တာ ယှက်နွယ်
ကြင်နာ တွယ်လို့
ကမ္ဘာ တည်စဲ
ချစ်နေမြဲ ပါ ငယ် ။ ။
No comments:
Post a Comment