ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 29, 2013

ချစ်သူ ဖတ်ဖို့ (၉)

ချစ်သူ ဖတ်ဖို့ (၉)
~~~~~~~~~~

မောင် ခိုင်မြဲစွာတွဲမဲ့ ဒီတွဲလက်ကို
မောင် ကြင်နာစွာ ပွေ.ဖက်မယ်
အလွမ်းခန်းတွေ မရုပ်သိမ်းခင်ပေါ့ .....

ဆန္ဒတွေကို ရေတွက်ရင်း
ခင် နဲ့ နီး ရမယ့်အချိန်ကို
မောင် တမ်းတနေမယ်ဆို
ခင့် ဆုတောင်းက ဘာဖြစ်မလဲ.....

ထပ်တူထပ်မျှပါလို. နားဝမှာ
အားရအောင် ခင် ပြောပေးပါလား .....

အားမလိုအားမရနဲ့ ခံစားနေမိတာ
ခင် ချစ်တယ်ပြောလိုက်လားဟင်.....

မယုံမရဲနဲ့ နုံ အ တဲ့ကလေးလိုပဲ
ဒဏ္ဍာရီလား ပုံပြင်လားဆိုပြီး
မောင် တွေးနေမိတာပါ ....

မ၀ံ့မရဲနဲ့ အရဲစွန့်ပြီးချစ်လိုက်တာ
အလည်း အကွဲ လုပ်လိုက်ရင်
အသဲကွဲမှာ စိုးလို့ပါ ခင်ရယ် ....

အသဲစွဲအောင်ချစ်မှာမို့ အပြစ်ရှာပြီး
အသစ်ရှာလည်း မငြိုငြင်ပါဘူးကွာ.....

ခင် မငိုအောင် ထားပေးနိုင်ဖို.
ကြိုးစားနေသူက မောင် ဆိုတော.
အင်အားတွေနဲ့ ခင် အားငယ်နေစဉ်မှာ
ပွေ့ဖက်ခွင့်လေး တော့ ခဏလေးဖြစ်ဖြစ်
ရချင်မိတယ် ချစ်သူ ရယ် .....

ချစ်သူ ဖတ်ဖို့ (၈)

ချစ်သူ ဖတ်ဖို့ (၈)
×××××××××

စိတ် တေ လေ
အ တွေး နဲ့
မောင့် မှာ ဖြင့်
က ဗျာ တွေ
ရေး မိ တယ် ....

တေ မိ လို
နေ ကြည့် တော့
ရင် အ သည်း
နှစ် မွှာ က
တ ဆစ် ဆစ်
နာ ကျင် တယ် .....

ဒ ဿ လို
အ ချစ် တွေ

တာ နော လို
သ စ္စာ တွေ

ရာ မ လို
မေ တ္တာ တွေ

လ က္ခ ဏာ
လို ပင် လေ

ပေးစပ် ခြင်းတွေ
ထား ခဲ့ ပေ မယ့်
ခင် က မ မြင်
ခင် မ ကြင် တော့
မေတ္တာ ရေလှိုင်း
မုန်း မုန်တိုင်း ကြောင့်
ဘယ် ကမ်း စပ် သို့
မြန်း ရ ပါ မည်
သွေ ခွာ ဖီ ......

ချစ်သူ ဖတ်ဖို့ (၅)

ချစ်သူ ဖတ်ဖို့ (၅)
!!!!!!!!!!!!!!!!!!!!!!!!

ခင်ရေ 
အကြောင်း မအပ်လို့
မပေါင်း ရလည်း
ကောင်းမြတ် သလိုသာ
စီစဉ် ပါတော့ ကွယ် ......

ခင်ရေ
မေတ္တာ တရားရော
သစ္စာ တရားပါ
မောင့် ရင်မှာထား
ရှိနေ ညားမို့
အချစ် ကံ က
မွဲ လေသူ ကို
မုန်းပါ မေ့ပါ
ရက်စက် ပါတော့ နော် ....

ခင်ရေ
ကမ္ဘာ တည်ထိ
နှလုံးသား သစ္စာ
အရိန္ဒမာ လို့
ချစ်မိစေ သား
မေတ္တာ ထားရင်း
ယုံပါ ရင်က
အချစ် ဓါတ်ပင်
ခန်းခြောက် ပြီမို့
နွမ်းသူ ရင်ကို
ခွဲ ပါ တော့ လေ !!!!

ချစ်သူ ဖတ်ဖို့(၃)

ချစ်သူ ဖတ်ဖို့(၃)
♥♥♥♥♥♥♥♥♥♥♥

သခင်မ ရေ♥
တွေ့လျှက်မခေါ်
မြင်လှည့် မကြည်
ဘယ် အငြိုးနဲ့
စိမ်းလေ သလဲ !!

သခင်မ က
ချစ်သည် ဖြစ်စေ
မုန်းစိတ် ဝေလည်း
သည်မောင် ကတော့
သစ္စာ မပျက်
မေတ္တာ မယွင်း
သဒ္ဒါ ပြင်းရင်း
ရင်မှာ ကျွံနစ်
နယ်လွန် ရစ်တဲ့
အချစ် တွေမို့
ဘယ်သူ ဖြတ်လို့
ပြတ်ပါ မလဲ(လည်း)&&

သခင်မ ရေ
လှောင်ပြောင်ကာ ပြုံး
ဟားတိုက် မုန်းလည်း
မောင် ကတော့လေ
မမုန်း ကမ္ဘာ
ချစ် မေတ္တာ မို့
နှောင်း ဘဝထိ
တည် လိမ့်မည် ထင်
မောင့် သခင် ~~

အချစ် ငတ် ခဲ့လေသလား

အချစ် ငတ် ခဲ့လေသလား
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

သစ္စာ တွေလည်း
မပျက် ခဲ့ပါဘူး
မေတ္တာ တွေလည်း
မမွဲ ခဲ့ပါဘူး လေ ©©

ငါ ကတော့ ကံနည်းသူပါ
နင် ကတော့ ဥာဏ်တွေပင်
နည်း ခဲ့လေသလား ÷÷

မေတ္တာတွေ ငတ်ခဲ့သူမို့
တိုးလိုရစ်ကာ ချစ်မိသူ
ငါ့ ကိုယ်မှ ရက်စက်လေခြင်း
မရွှင် အသည်း မှာတော့
ရင်ထဲက နာ လိုက်တာ ××


မချစ်တတ်ခဲ့လို့များ
ငါ့
အချစ် ငတ် ခဲ့လေသလား
သေခြာ ဆန်းစစ်ကြည့်တော့
အဖြေရှာမရ ဝေဒနာ အစ@@

ချစ်သူ ဖတ်ဖို့ (၂၀)


ချစ်သူ ဖတ်ဖို့ (၂၀)
^! !^ ------ ^! !^

နွမ်းလှ ရင်ခွင်
ကျွမ်းလျ မရွှင်လည်း
ခင် မှ မမြင်
ခင် မသိတော့
သိကြားစေ သက်သေညွှန်းလို့
တောင်းဆုတွေခြွေ ကြားကြပါစေ

ပြန်ပြောရင်တော့
သံယောဇဉ်ပေါ့ ခင်
နေ ထိလို နွမ်း
ရွှေရင်ပင် ကျွမ်း
သြော်
စိမ်းလေသူ ခင်သက်လျာ က
ဘယ် ဌာနေ စခန်းဆီ သို့
မြန်းခါနေ လွမ်းခါမပြေပေါ့
ချစ်တဲ့သူ ခင် ထိပ်ထားရေ
တောင် စွယ်စွယ် နေ မကွယ်ခင်ပ
အရှင့် အာဏာ ပါးကွပ်သားတွေနဲ့
မနှေးအမြန် သင်းမြတ်ရအောင်
ချစ်မိသူ ကျွန်တော်မျိုးရယ်က
လည်စင်းခါ ပေးပါမည်
သတ် ပါ တော့ လေး - - -

ချစ်သူ ဖတ်ဖို့ (၁၉)

ချစ်သူ ဖတ်ဖို့ (၁၉)
^! !^ ------ ^! !^

မခေါ်သာ မျှော်ရင်း တမ်းတပေမယ့်
သြော်
သူပေါ်မလာ စိမ်းကားလေတော့
တစ်နေတစ်ရက်မှ မဟုတ်ပါဘူး
နေ့တိုင်းပင် စိတ်ညစ်တယ် ခင် ~~

သန်းခေါင်ကျော် မိုးပင် လင်းမပေါ့
စိတ်အတွေးနယ် အိပ်ရေးပျက်ပေမယ့်
သူမသည်သာ မြတ်နိုးရာလို့
နှလုံးမခြား မေတ္တာတရားနဲ့
သစ္စာထားတာ ချစ်ကညာတစ်ပါးမှ
သိပါလေစ သိလေစ ခင် •••

လေထန်တိုင်းဝေ ရနံ့ကြွေလည်း
ပွင့်ပန်းတိုင်းပင် နိုင်းမယှဉ်မို့
ခင် ရေ
တင်္ဒဂ`ဆူး´`မောင်´ကတော့ ရူး ***

ချစ်သူ ဖတ်ဖို့ (၁၈)

ချစ်သူ ဖတ်ဖို့ (၁၈)
^! !^ ------ ^! !^

ရင်မှ မြတ်နိုး

တိတ်တခိုး နဲ့

မခွဲ တမ်း တစ်သက်

စွဲ လမ်း လျက် ပါ ခင် .....


ရင်မှ သမုဒယ

တွယ်တာ ယုယလို့ဖြင့်

ချစ် ပါရစေအုံး ခင် ....


တဒင်္ဂ အချစ်

ရင်မှ ဖြစ်မတဲ့ လား

အ ချစ် နယ် မှာ

သဒ္ဒါ ကျွံ ရစ်

နယ် လွန် အချစ်တွေက

မမြဲ လေခြင်းလား

ဩော် ခင် ရေ ....

မချစ်လို့ မုန်းရင်လည်း

ပြုံးလို့ပင် လေ မပြပါပဲ

အစိမ်း သက်သက်သာ ထားခဲ့ပါ ....

မရေရာ လူသား

မရေရာ လူသား
----------------

အသိက နည်း ///
!!! ဥာဏ် က မွဲ လို့
ငါ့ အချစ် ကံတွေ
လွဲခဲ့လေ သလား ???

မရေရာတာတွေ များတဲ့
လောကကြီးမှာ သောကမီးတွေ
ခဏခဏနဲ့ ဝေဒနာတွေကို
ဘယ်ရင်ခွင် ဘယ်စခန်းဆီသို့
မြန်းရမယ် မှန်းစမရွယ်ရဲအောင်ပ &&&

လိုက်လေ ဝေလေး
ချစ်လေ နစ်လေ နဲ့
မတည်မြဲခြင်း အစ
သြော်
နယူတန် ရဲ့ နိယာမ တွေက
စေတန်တစ်ကောင်လိုပင်
ငါ ကျိန်စာတွေ သင့်ခဲ့လေ သလား ???

ဝ ရယ်မရှိ ဝိ မလုပ်ပါပဲ
အရိုးခံ စိတ်ရင်းမှန်တွေနဲ့
ပြိုင်လာရင် အရှုံးပေး
နှလုံးအေးအောင် နေပေးတာမှ
ဝိဘတ်ကြမ္မာ မလွတ်သာတော့
ကံ မကုန်က ပေးစပ်အကုန်လေ
ဝဠ်မှာ အမြဲ ငရဲမှာ အပ မို့
ကမ္ဘာတည်လောက်
သြော် --------
ငါ သည် လူတစ်ယောက်မှ
ဟုတ်ပါလေစ ဟုတ်လေစွ ....

ကံမွဲသူက ကျွန်တော်ရယ်ပါ

ကံမွဲသူက ကျွန်တော်ရယ်ပါ
------------------------------

သည် မှာ အမိ
............... မဟူရာ အကြည့်တွေနဲ့
သည် ရင်ကိုယ် လာလာ မကလိပါနဲ့လား ဗျာ
အလဲ အကွဲ လုပ်လိုက်ရင် အလွဲလွဲတွေနဲ့
အသည်းကွဲမှာ ကြောက်နေသူက ကျွန်တော်ရယ်ပါ ...

အတွဲ အတွဲ တွေနဲ့မှ အသည်းကွဲချင်ကလည်း ကွဲ
ဩော်
မလွဲလောက်ဘူး ထင်ပါရဲ့လို့
နူတ်တရာ စာစကားလုံးနဲ့
ချစ်တာတွေ စာသီကုံး လိုက်တော့
ဒုတိယမိ အသည်းကွဲခြင်းတဲ့ လား

ရှိပါစေတော့ လေ ..............
ချစ်မိသည့်ဝန် ကျွန်တော်အလွန်မို့
ကံမွဲသူ ကျွန်တော် အဖြစ်က
ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ .....

တိတ်တခိုး ကြွေ


တိတ်တခိုး ကြွေ
----------------

ည တခင်း မှာ

လမင်း မ သာ

ကြယ် တွေ မလင်း

ရောင် ဝါ မ ပြင်း တော့

စိတ် အတွေး ရယ်

နိုးထ ဟန် က

အိမ်မက် လေလား

ဝိုး တဝါး နဲ့

သူ ရယ် ပျောက် ပြန်

အိမ် မက် သ ဏ္ဍာန် ...

ကျွန်မ ချစ်မိ အပြစ်ရှိလား မောင်

ကျွန်မ ချစ်မိ အပြစ်ရှိလား မောင်
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ထ ယောင် မှိုင် ငေး
............ အ တွေး လေ မြူး
ဟို ဒီ လူး လို့
ကျွန်မ
ရူးများ ရူးလား
မသိပါဘူး မောင် .....

မွန်း ကျပ် ဘ ဝင်
စား မ ဝင် လို့
လေ ကြွေ အ နောက်
ခြေ ရာ ဖျောက် တော့
ကျွမ်း လှ ရင် ခွင်
စိတ် မ ရွှင် ဘူး မောင် ....

ကဗျာ မဆန်
ကာရန် မလှလို့
ပေးခဲ့ ပန်းတစ်ပွင့်
အပြစ် ပင် လုပ်
ရန်လည်း မလုပ်ရက်ပါ မောင် ....

အတွေးနယ် မှာ
အဆွေးရယ် ကြွယ်တော့
မရေရာ ဘဝ
မေ ဘယ်လို စရမလဲ မောင် ....

နွမ်းလျ နှလုံး
အမြဲ သေဆုံးတော့
ကျွန်မ ချစ်မိ
ဩော် အပြစ်ရှိပြီပေါ့ မောင် ....

'' အဝေးရောက် အမေ့သား တမ်းချင်း ''

'' အဝေးရောက် အမေ့သား တမ်းချင်း ''
-----------------------------------------

မလေးရှားမှ အိမ် အပြန်

ရွာ အဝင် ခရေပင်တမ်း

သား မှန်းလို့ မျှော်စမ်းတော့

မွေးမေရယ် သူငယ်ချင်းများနဲ့

ရွာ ကရယ် လူအကုန်လုံးက

ပြေးကြိုကြတုန်း ပျော်လို့ပင်မဆုံး ......


ပြည်မြန်မာ ဌာနေစခန်းမှ

မလေးကိုတဲ့ အမေ့သားအပြန်

အသည်းနှလုံး ရယ် ပါမလာတော့ဘူး ....


ဖေ့ဘုတ်တစ်ခွင် လွန်ပျော်ရွှင်လို့

ကဗျာခြွေချ သား ဘဝကလေ

မိတ်ရင်းဆွေခြာ မျိုးသဟာနဲ့

ခင်မင်သူငယ်ချင်း ရိုင်းပင်ကြရင်း

ရသစုံလင် ဘဝပုံဖော်ရင်းများ

မရွှင်အသည်းတွေက ခဏခဏ

နာလိုက်တာ မေမေ ရေ ..........

ချစ်သူ ဖတ်ဖို့ (၁၇)

ချစ်သူ ဖတ်ဖို့ (၁၇)
*************

ရွှေလည်တိုင် ဖော့ဖယောင်းရယ်နဲ့
ဆင်းလှတော်ဝင် မောင့်သခင်ရယ်
တဒင်္ဂအချစ်တွေ ရင်မှဖြစ်ရင်
ချစ်မိစေသား မေတ္တာထားလို့
မောင့် သစ္စာတွေ မြဲပါမလား .....

ခုတော့ ခင်ရယ်
အမုန်းဆိုတာ ဝေးလာဝေး
ဩော် .....
သေခြာမတွေးပါပဲ နှစ်ကိုယ်ဝေးမဲ့
ရှေ့ရေးတွေကို ကြိုတင်ခါတွေးရင်း
မုန်းပင်စိုက်လို့ သွေဖီရှောင်ပုန်း
အဝေးနယ် ပြစ်ခွာမဆုံးတော့
စိတ္တဇအသည်းနဲ့ မောင့်မှာလေ
အိပ်မရ အမြဲပါ တကား ခင် ...

သစ္စာ အိမ်တခါး ရပ်ဝန်းမှ
မေတ္တာတွေပင် တိမ်းပါး လို့
ခင် ရယ်
တမင် စိမ်းချင်ကလည်း စိမ်း
မောင့် အချစ်တွေက လေ
သွေခွာ ဘယ်ခါမတိမ်း မို့
ခင် ရေ
မျှော်ရင်းတမ်းတ မောင့်ဘဝက
နေမြင့်လေလေ အရူးရင့်လေနဲ့
တိုင်တည်သစ္စာ ထားလိုက်ပါမည်
ချစ်သော သခင်မှ
မုန်းပါ မေ့ပါ ရက်စက်ခွာလည်း
သေတောင်မမုန်း အချစ်ဆုံးကို
ကမ္ဘာတည်အမြဲ ထာဝရစဉ်စွဲလို့
ခင့် အနားမှာပဲ သေပါရစေတော့ ကွယ် ...

ချစ်သူ ဖတ်ဖို့ (၁၆)

ချစ်သူ ဖတ်ဖို့ (၁၆)
××××××××××

~~~ တွယ် မလိုနဲ့ မင်
.......................... နွယ် မလိုနဲ့ ကြင်
တိမ်း မလိုနဲ့ ယိမ်း @@@
%%% ယိမ်း မလိုနဲ့ စိမ်း ပါ

ခင် ရယ်
ခင် စိမ်းပေမယ့်
မောင့် မေတ္တာတွေ က
တွယ်တာ သမုဒယ
ကြင်နာ ယုယ သမို့
ခင် ရေ
ထား ချင်လည်း ထား
သွား ချင်လည်း သွားပေါ့
မောင့်
သစ္စာတွေ သွေခွာ
မစိမ်း လေခြင်းနဲ့

ခင် လည်း မမုန်း
!!!!!! မောင် လည်း မမုန်းပဲ
နှစ်ယောက်သား လွဲခဲ့ကြလည်း
အပြုံးများနှင့်သာ လမ်းခွဲ
ဩော် ^^^
မောင့် နှလုံးသား ဈာပန ပွဲ ^! !^

ချစ်သူ ဖတ်ဖို့ (၁၅)

ချစ်သူ ဖတ်ဖို့ (၁၅)
××××××××××

ခင် ရေ
မျက်ဝန်း အိမ်မှ
မျက်ရည် ဥတွေ
မို့မို့ ပါးပြင်
စီးခါ သွယ်ရင်း
ကြွေဆင်း တစ်စက်
ဝေးဆင်း ရက်တော့
ရင်တွင်း မှ နွေ
လှိုင်း ထန် နေ .....

ခင် ရယ်
မေတ္တာ ကိုဖယ်
သစ္စာ ပယ်ရင်း
တိမ်း လေ မြေ မဟီ
စိမ်း လေ ပြီ ပေါ့ ....

ခင် ရေ
ရှေးရှေး ဘဝ
ပြုပြု သမျှက
အတိတ် ကံ ငြိုး
ဝဋ် ကြွေး က ဆိုး
အကြောင်း ကံမလှ
နှောင်းကံ ဘဝမို့
ချစ် သူ က စိမ်း
မေတ္တာ တွေ သိမ်းပေါ့ ...

ခင် ရေ
အသည်း တွေ ကြွေခါ
အလွမ်း က ပွေလီ
သစ္စာ တွေ ဖွေသီရင်း
မောင့် မေတ္တာ
ခင် မမြင်ပါ မကြင်နာ
တမင် စိမ်းကားမှတော့
အမှတ် မရှိ တဲ့
ဩော် .....
သည် မောင် အသည်း ရယ်က
ကွဲဖို့ တဖန် ဖြစ်လာပြန်ပြီ
အို့ ဘယ် ဒေ ဝီ မဟေသီ ရယ် ...

အချစ် တွေပင် ခန်း

အချစ် တွေပင် ခန်း
-------------------
ကျွန် တော် 
ချစ် တာ တွေ ကို 
.... စာ သီ ကုံး တော့
လော ကိ လူ သား တို့ က
ဟား တိုက် လို့ ပင်
ရည် ကြ လေ မလား ....

ကျွန် တော်
လွမ်း တာ တွေ ကို
စာ သီ ကုံး တော့
လွမ်း တောင် တန်း မှာ
ပန်း ရောင် လေး တွေ
သန်း သွား လေ မလား ....

ကျွန် တော်
မေတ္တာ တွေ က မမွဲ
သစ္စာ တွေ လည်း မလွဲပါဘူး
အချစ် က ခါး သစ္စာ က ရှားနဲ့
ကိုယ် ချစ် ရှာ ဝေး
သူ ချစ် ရှာ ဆွေး
လိုက် လေ ပြေး လေ
မာယာ တွေ မြူးခါနေတော့
နွမ်းသူ ရင်မှာ ကျွမ်း
အချစ်တွေပင် ခန်းပြီ ပေါ့
မောင့် သခင် ရယ် ....

ချစ်သူ ဖတ်ဖို့ (၁၄)

ချစ်သူ ဖတ်ဖို့ (၁၄)
♥♥♥♥♥♥♥♥♥♥♥♥

ခင်ရေ
အကြောင်းကံက ဖယ်
ပေါင်းရန်မလွယ် လို့
ထားခဲ့မယ် ဆိုတာ
မောင် သိပေမယ့်လည်း
ရင်နင့်စွာ ယိုဖိတ်
ချစ်မိတဲ့ သည် စိတ်
မေ့ပျောက်ရန် မလွယ်
ခက်ခဲ့လွန်းတယ် မောင့် အချစ်ရယ်♥

ခင်ရေ
အချစ်ရဲ့ မနုဿ
မှန်းစရင်း ရှာဖွေ
နွမ်းလျ ဗျာပွေလို့
စိုးစိတ်တွေက ဝေ
ပမ်းလင့်လို့ကြွေ လည်း
ခင်မှမမြင် ခင်မကြင်တော့
ဪ ~~~
အချစ်ဆိုသော နိယာမက
ခါးသလားကွယ် မောင့် အချစ်ရယ်♥

ခင်ရေ
ချစ်မီးလျှံ ရင်ဝယ်ပိုက်ရင်း
မဖြစ်နိင်တာကို မျှော်လင့်
ရင်နင့်စွာ ချစ်မိခဲ့လို့
နှလုံးသား လွန်ဆွဲပွဲမှာ
မေတ္တာ အရှုံးသမားက
ငိုပွဲတွေ နွှဲခဲ့ရလည်း
အပြုံးများ ဒွန်တွဲရင်းလေ
ချစ်မိစေသား သစ္စာထားခါ
မျှော်လင့်စောင့်စား အချစ်ငတ်တဲ့
လူသားပေါ့ကွယ် မောင့် အချစ်ရယ်♥

ချစ်သူ ဖတ်ဖို့ (၁၃)

ချစ်သူ ဖတ်ဖို့ (၁၃)
♥♥♥♥♥♥♥♥♥♥♥♥

ခင် 
ရင်မှာ နစ်ကျွံ
ဘဝ မွန်မို့
နေ မဝင် ချစ်
နွယ်နှယ် ရစ်ရင်း
ဘဝ ပေးခါ
အသက် တစ်မျှ
ချစ်မိပါ ၏ ခင်♥

နှောင်း ကံအတိတ်
ကြောင်း ဖန် ရိပ်ခါ
ပြင် မှာ မတွေ့
အွန် မှာတွေ့လည်း
လက်တွဲရယ် မှန်
ဖြစ်လာ မှန်သော်
သစ္စာ မပျက်
မေတ္တာ ဖက်ခါ
ကြင်နာ မဆုံး
ချစ်ပါရစေ အုံး ခင်♥

တစ်ကယ်လို့လေ
မောင့်ရဲ့ ချစ်များ
ထိုမျှ ပေစပ်
မကျေ နပ်သော်
ချစ်သော ခင်က
မောင် ၏အသက်
တောင်းလာ မှန်ရင်
မငြင်း ကြည်ဖြူ
မောင် ပေးလှူမည်
ခင် သက်လျာလေး
တစ်သက်တာတော့
ပျော် ရ မည် ကွယ်♥

သူ စိမ်း ပြီ လား

သူ စိမ်း ပြီ လား
!!!!!!~~~!!!!!!

ခင်
မနွယ်ခင်က
မုန်းမာန်ခင်းလို့
တိမ်းရက်လေအား
စိမ်းပြီလား ကွယ်

ခင်
မချစ်ခင် မုန်း
သည် အပြုံး ကြောင့်
ကျွမ်းလှ ရင်ခွင်
ပျော်မရွှင် ဘူး ~

ခင်
တစ်သက် တစ်ခါ
တစ်ကြိမ် တစ်ချစ်
မဖြစ် အပ်လည်း
မေတ္တာ သိလို့
သစ္စာ ရှိရင်
အကြွေ ပန်းလည်း
ဝေခါ လန်းအောင်
မောင် နမ်းပါ မယ်

ခင်
ခုများ ဘယ်မှာ
သွေဖယ် ခွာရင်း
မကြင် ရှောင်ပုန်း
ဘယ်တွက် မုန်းလဲ
မုန်းမာန် ပျိုးလို့
ရက်စက် ရင်လည်း
သည် မောင့် အသည်း
ဓား ထက်ထက်ရယ်
မလို တော့ပါဘူး ©

ခင်
ချစ်မိ ရင်ခွင်
အပြစ် မြင်ခါ့
မကြင် နာလို့
စိမ်းခဲ့ရင်လည်း
မစိမ်း သူမှာ
မောလျ နွမ်းပြီမို့
ခင် ရေ
အစိမ်းသက်သက်သာ
ခွဲ ခဲ့ ပါ .......

အမုန်း ကျိန်စာ

အမုန်း ကျိန်စာ
©®©®©®

ဘယ်လို လည်း မာယာ
ပုခုံးနှစ်ဖက်ကြား ခေါင်းပါတဲ့
လူ လူချင်း အတူတူကိုမှ
ကတုံးပေါ် ထိပ်ကွပ်လို့
မူယာ အကုန် ပရိရာယ်အစုံနဲ့
အသိတွေလွဲ ဥာဏ်တွေမွဲကာ
အမှားကို မပြင် နင် မဆင်ခြင်ပဲ့
မိန်းမလည် သိန်းကြွယ်လို့များ
နင်ကိုယ်နင် ထင်နေသလား မာယာ ±

ငါ့ ဘဝမှ မဟုတ်တော့ဘူး
အိမ်မက်ထဲကိုတောင်မှ
ယောင်လို့မလာနဲ့လေ
ဘဝဆိုတာက ခါး
အသိဆိုတာဝါးတဲ့ နင့်အတွက်
လာလမ်းဆိုတာ ရှိပေမယ့်
ပြန်လမ်းဆိုတာ မရှိတော့ဘူး မာယာ %

နင် မကြင် နင် မခင်ခြင်နေပါ
ငါ့မှာလေ ကြင်သူအမယ်မယ်
ခင်သူတွေက အသွယ်သွယ်ပါ
မေတ္တာရှိလို့ ငါချစ်တာသိရင်
သစ္စာလေးသာ ရှိစမ်းပါလေ
အကြွေပန်းဖြစ်နေစမ်းပါစေ
ခြွေခါမနမ်းပဲ ငါ့ မေတ္တာ တွေနဲ့
ဝေခါ လန်းသွားစေရမယ် မာယာ

ခုများတော့
မရွှင်အသည်း နာကျန်ရစ်လို့
ရင်ကွဲတာတွေတော့ မပြောတော့ဘူး
ဘောဂဘေဒလို့ ပြောပြနေရင်
နင် သောကတွေ ဝေသွားမယ်
အချစ်ကိုယ်မှ ကုန်စည်လိုသဘောထား
ငါရှုံးလိုက်တာက နှလုံးသားပေါ့
ရလိုက်တာက ♥♥♥♥♥♥♥
နင် ရွေးချယ်ပါ မာယာရယ်
လမ်းတော့မမှားစေနဲ့ အုံး
တစ်ယောက်ရွေးတိုင်း ဘဝပေးရင်
နင် လေ __ ဖြစ်သွားမယ် မာယာ

နင့်အတွက် အမုန်း ကျိန်စာတော့
ငါ မတိုက်ကျွေး တော့ပါဘူး
နင့်သွားမဲ့ လမ်းတစ်လျှောက်မှာဖြင့်
အလွမ်းဆိုတာတွေ ဝေးလို့
ဆူး ဆိုတာတွေ အေးပါစေကြောင်း
အေးစေကြောင်းပါ မာယာ

ထူးမြတ် သည်ချိန်

ထူးမြတ် သည်ချိန် 
-------------------

ဝါကျွတ် ပြီပေါ့
လ သီတင်းမို့
အလှ အဆင်းတွေက
ပြိုင် လို့ဝေ ©©

ကြီးမြတ် သူ
ကန်တော့မယ်လေ
သာသနာ ရောင်
ရွှေဝါ လျှမ်းတဲ့
တို့ မြန်ပြည်
ဌာ နေတွင်းမှာ ပ
စိတ်ဓါတ်တွေ
ဖြူစင်ကြတယ်
ထူး မြတ်တဲ့ ပွဲ ~~~

နေ မင်း ရောင်
ထွန်း ပြောင် ပါလို့
ညဘက်ဝယ်
ပန်းဆီမီးကို
ကပ်လှူမယ် ဘုရားမှာပ
ဆုတောင်းတွေခြွေ
မနှေး အမြန်
တို့မြန်ပြည် အေးအောင်လို့
မနောစိတ်ရယ်
အမှန်လေးတွေနဲ့
ပို့ မေတ္တာ များ @@@

ဝါ ကျွတ် မယ်
ချစ် ရ သူ
ခင် သက် လျာ နဲ့
မနှေး အမြန်
နီးရအောင် ကွယ်
နားဖောက်မယ်
လူကြီး စုံနဲ့
လက်ထပ် သူများ ¡¡¡

ဘုရားပေးသော ဆုပါ လှိုင်

ဘုရားပေးသော ဆုပါ လှိုင်
----------------------------

နှစ်ကမ္ဘာ မတိုင်ပေမဲ့
မေတ္တာ တွေခိုင်ခဲ့ပါတယ် လှိုင် 

ရက်တစ်ရာ မတိုင်ပေမဲ့လည်း
သစ္စာတွေ နိင်ခဲ့ပါတယ် လှိုင်

အရှိနဲ့ အသိကို ဝေခွဲလို့
နင့်အပေါ်ကိုမှ ငါ့ အချစ်တွေ
ရူးခဲ့လေသလား လှိုင်

မာယာအချစ် တဏှာရစ်လို့
ငါ့ အသည်းက နင့်ခွဲဖို့များ
မွေးဖွားခဲ့လေသလား လှိုင်

မကြင်နာ တမင်စိမ်းပေမယ့်
သစ္စာမပျက် မေတ္တာဖတ်လို့
ငါ့ ပြုံး ပြုံး ကြီး နေပေးမယ် လှိုင်

တဒင်္ဂ အချစ်တွေ ငါ့ ရင်မှ
ဖြစ်လာခဲ့ရင်လေ ဘယ်မှာလာလို့
ငါ ဖွင့်ခါပြောမလည်း လှိုင်

အဆင်းလည်းသိ အချင်းလည်းသိသူကို
မူယာတစ်သွယ် မာယာဥာဏ်နဲ့
ခလောက် ဆန် ခဲ့လေသလား လှိုင်

မရေရာတာတွေ များတဲ့လောကမှာ
နင့်လို့ မာယာ ကြွယ် မိန်းမလည်မျိုးနဲ့
ငါ ဝေးခဲ့တာတော့ ငါ့ အတွက်က
ဘုရားပေးတဲ့ ဆုပါပဲ လှိုင်

လွမ်းမိ တယ်

လွမ်းမိ တယ်
=======

တိုး တိုး တိတ် တိတ်

ရိုး တိုး ရိပ် ရိပ်

စိုး တ ထိပ် ထိပ် နဲ့

ကျွန် တော် သူ့ ကို

တမ်း တမ်း ပြီး တော့

ဩော် ...

မှန်း မှန်း ပြီ လေ

လွမ်း လွမ်း နေ ရ ပါ တကား

ကြင် လှည့် ပါ တော့ ချစ်သူရယ်

ကြင် လှည့် ပါ တော့ ချစ်သူရယ်
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ညွှန်း စာ စီ လည်း
တု နိုင်း မ မှီ 
နတ် ပန်း ချီ မို့
ကာ ရန် ပျောက် ပြီ
ချစ် သူ ရေ ♥♥♥ .....

ရှင်း သန့် ထွတ် ခေါင်
ထယ် ဂုဏ် ဆောင် ရင်း
အ လှ မှာ ပင်
အ ယဉ် ဆင့် ခါ
သူ့ အ လှ မှာ
ရစ် ကာ မူး လို့
သည် မောင် ရူး ပြီ
ချစ် သူ ရေ ♥♥♥....

အမရာ ရယ်
မဒီ မခြား
သမ္မူလ နှယ်
ကိန္နရီ များ
ဝင် စား လေ လား
မ မြင် ဘူး လို့
မ သိ ပေ မယ့်
စိတ် ထား က ဖြူ
မ နော က ဖွေး
အေး မြ မွှေး တဲ့
ချစ် သူ လေး မို့
တ မာ တွေ ချို
ကောင်း ကင် က ပြို
အီ ကွေ တာ မယ်
လ မင်း သာ မှ
မုန်း ခါ မေ့ မဲ့
မောင့် လို့ လူ ကို
ခင့် မှ မ မြင်
ခင် မ ကြင် တော့
ကြွေး ပြုန်း အ သည်း
သေ ဆုံး အ မြဲ ပေါ့ ခင် ရယ်♥ ....

Monday, October 28, 2013

ပုလဲလိုသာ ပန်ပါလေ

ပုလဲလိုသာ ပန်ပါလေ
!!!!!!!!!!!!!!!!!!!!!!!!!!!!

လေ လာ တိမ်း ပါး
.................... ယိမ်း က စား တဲ့
ပဲ ပြား ပင် လည်း
............... မ ဖြစ် ချင် ဘူး ခင် ....

ရွက် ကျ ပင် ပေါက်
....... ရှင် သန် သောက် သည့်
မြက် ခြောက် ပင် လည်း
..... မ ဖြစ် ချင် ဘူး ခင် .....

ပင် မှ ရည် သန်
စိတ် အ မှန် နဲ့
သ ဒ္ဒါ ဖွဲ့ စည်
ရွှန်း မြ မှီ သည့်
တစ် သွင် သွင် သာ
စီး သွယ် ကြ သော
ရေ အ လျင် လို့
ချစ် ပါ ရ စေ ခင် .....

အ သည်း မှာ ကွယ်
က ဗ္ဗည်း ထိုး ရင်း
ကျောက် စိုင် ကျောက် သား
ခိုင် မား ညား ရယ်
ပေ မှာ တစ် သီး
ကျီး တစ် သား နဲ့
သက် သေ မျက် ရည်
မောင် ပေး ပါ မယ်
ရင် ကိုယ် ခွဲ လို့
အ သည်း ကို လေ
ပု လဲ လို့ သာ ပန် တော့ လေ ......

အမုန်း ကျိမ်စာ (၂)

အမုန်း ကျိမ်စာ (၂)
----------=====

အချစ် မပါသော
အပြုံးတွေ ခါးတဲ့
နင့် အတွက်
အမုန်းကျိန်စာ လှလှ
ငါ ရေးပြမယ် မာယာ ©©

စကားလုံးတွေ ကြမ်းလို့
နင် နားဝင် ခါးသွားရင်တော့
ဟပ် ဟပ်
I am so sorry မာယာ ^^

အချစ် ဆိုတာက
နင့် အတွက် ဘယ်တော့မှ
အစစ်ဖြစ်မလာတော့ဘူး ဟ
များတကာ အတွက်
နင် ဟာလေ ___
ဟီးရိုး ဖြစ်ချင်ဖြစ်မှာပေါ့
ငါ့ အတွက်တော့
နင် က ဇီးရိုး ပါ မာယာ %%

အသိဥာဏ်မွဲသူ နင့်အတွက်
သနားတယ် ဆိုတာ အလကား
မုသားဆိုတာ ခပ်များမျာှး
အားရယ်မနာ လျှာမကျိုး
ဆန်ကောလောက်မှ ဇောက်မနက်ပဲ
သေးသိမ်းတဲ့ ဥာဏ်တစ်မိုက်နဲ့
ငါ့ ကိုယ်လာ ဒူးမထောက်နဲ့လေ့
ရှက်တင်ရင် လဲသေလိုက်တော့ မာယာ

ကျား သနားတာကို မှ
အခွင့် ယူသူ နင့် အတွက်
အမုန်းကျိန်စာ ငါ တိုက်လိုက်သည်
ထာဝရ အချစ်နဲ့ ဝေးပါစေကြောင်း
ဝေးစေကြောင်း မာယာရေ $$$

မာယာ မိစိမ်းကား သို့

မာယာ မိစိမ်းကား သို့
------------------------

ကဲ ဘယ်လိုလဲ မိမာယာရယ်
ပြောလေ ကဲလေ မန်းလေ ပြဲလေနဲ့
အသိခေါက်ခက် အဝင်နက်လေ သလား

ဆန်မရှိ စောက်စားကြီးလို့
ဝ မရှိပဲ ဝိ လုပ်တက်တဲ့
လူစားထဲမှာ ငါ မပါတာကို
နင် မသိလေလျော့သလား မိမာယာ

အရှုံးများစွာနဲ့ ငါ့ နှလုံးသားတွေ
မြေခလို့ ကြွေကြခဲ့ရလည်း
အပြုံးမပျက် အမုန်းမဖက်ပဲ
တွဲလို့ခေါ်ပေးသူကိုယ်မှ အားမနာ
မသူတော်တစ်သိုက်နဲ့ ပျော်ပိုက်နေတာက
နင့် ဇရိုက်အမှန်လား မိမာယာ

သစ္စာက ခါး မေတ္တာက ပါးနဲ့
ယိုသူမရှက် မြင်သူ ရှက်လို့
သစ္စာတွေမွဲနေတဲ့ လောကကြီးမှာ
ပြာ ကျရင် ဘာမှမရတာက
သဘာဝရဲ့ ဓမ္မတာပါ မိမာယာ

ကိုယ့်အဆင့် ကိုယ်သိ
ကိုယ့်သမိုင်း ကိုယ်ရေး
ရာဇဝင်မှာ ဂဠုန်စောလို
နာမည်ရိုင်းတွေ မကျန်ရအောင်
မရေရာတဲ့ နင့်ဘဝကိုလေ
နင် သေခြာတွေးစမ်းပါ မိမာယာ

ထပ်ပြောလိုက်မယ် မိမာယာ
သဒ္ဒါကျွံရစ် နယ်လွန်ကာလေ
နင့် အပေါ်ကို ချစ်မိသွားတဲ့
ငါ့ အချစ် ငါ့ မေတ္တာတွေကို
ထပ်မစော်ကား လေနဲ့တော့
ရွက်ကျတိုင်း ပင်ပေါက်တက်တဲ့
န်င့် စိတ်ဓါတ်နဲ့ နင့်မာယာတွေကို
ပွဲလန့်တုန်းမှာ ဖျာ မခင်းတော့ဘူး
ရုံခါနေပြီမို့ ကန်တောဆွမ်းပဲ မိမာယာ

မိ မာယာ သို့

မိ မာယာ သို့
-------------- 
အိုင် တွေ့တိုင်း ခြေဆေးရအောင်
ငါ့ နှလုံးသားက ရေအိုင်မှ မဟုတ်တာ
မာယာ မာယာ မိမာယာ

တစ်ခန်းတစ်နားနဲ့ နင့်ကိုယ်
လွမ်းစကား တွေလည်း
ဆို ပြ ငို ပြ ချွဲပြ မနေတော့ဘူး

ရင်ကိုယ် ရင်ချင်း ရင်းတဲ့ပွဲမှာ
လိုက်ပွဲ မပါခဲ့ပါပဲ
ငါ့ နှလုံးသား နုနုကိုယ်မှ
မညှာ မတာ နင် စားသုံးသွားတာတော့
ငါ ညံလို့ ငါ ခံလိုက်ရတယ်ပဲ
မှတ်ယူထားမယ် မိမာယာ

မာယာ ဆယ်သန်း
ကုဋေ တစ်သန်းပေါ့
အား မတန်လို့ မာန်လျော့ပေမယ့်
သမင် ဆယ်လှမ်း ကျား တစ်လှမ်းတဲ့
အဲ့ဒီ လောကမ နိယာမ ကို
နင် မသိတာတော့ ငါ သနားမိတယ်
ငယ် ပါသေးတယ် မိမာယာ

ဥာဏ်မွဲသူလို့ လည်းမပြောတော့ဘူး
သစ္စာမရှိတဲ့ လောကကြီးမှာ
ပကာသန တွေ ထင်တိုင်းကြဲနေသမျှ
ဝိသမာ သမားတွေကတော့ နင့် ကို
ပြုံး ပြုံး ကြီးနဲ့ စားသုံးနေအုံးမှာပဲ
မာယာ မာယာ မိမာယာ

မိမိ ဝေ သို့


မိမိ ဝေ သို့
------------

အလှ သွေး မာန် ဖောက်
ဓနသွေး ကြွယ်တောက်ပါတဲ့
အချစ်ဘီလူးမလေး မိမိဝေ .....

ငါ့ ဘဝကလေ
အပြာရောင် မိုးသားအောက်မှပ
ရွာ မယောင် မိုးသား အပျောက်လိုပါပဲလား

ဩော် .......
ငါ့ ရာဇဝင်မှာ စာတင်ခဲ့သူကြီးပေါ့
နှလုံးစံ တစ်ရက် မုန်းမာန်တစ်သက်နဲ့
အသည်းခွဲတာ မဆန်းပေမယ့်
ငါ့ကိုယ်မှ
အမြဲ အမြဲ လွမ်းစေခဲ့လေသလား ....

အချစ်နဲ့ မေတ္တာ သစ္စာနဲ့ သမုဒယ
တစ်လွဲပြစ်မှတ်တွေနဲ့ မှ
အလွမ်းရာဇဝင် အခန်းအဆက်ဆက်ကို
အသုံးတော်ခံ ကပြခဲ့လေသလား ....

ကျွမ်းမျက်ရှ အယူတိမ်းခြင်ကလည်း တိမ်း
မစိမ်းသူ ဒီရင်မှာ နွမ်းပြီမို့
မိမိ ဝေ ရေ .....
အရှုံးသမားရဲ့ နှလုံးသား
ဈာပန ပွဲကိုတော့ အမုန်းတေးလေး
တစ်ပုဒ်တော့ ချီးမြင့်ပါအုံး ကွယ် .....

ချစ်သူ ဖတ်ဖို့ (၁၂)

ချစ်သူ ဖတ်ဖို့ (၁၂)
♥♥♥♥♥♥♥♥♥♥♥♥♥

ချို မြ ကြည် မွှေး
ဆောင် လေ သွေး နဲ့
ဝင်း ဖန့် လှ ဆီ
ရွှန်း ပျံ့ သည် ရယ်
ပန်း ချီ နှယ် ♥♥

တင့် ထူး ပုံ ဆန်း
နတ် စည် စွမ်း နဲ့
ကင်း မဲ့ ဒေ ဝီ
မ ဟေ သီ မို့
ပြိုင် သူ တိုင်း ပင်
ငေး လောက် တယ်♥♥

မြင် ရ သူ ရူး
သင်း ကြည် မြူး တဲ့
လှ သော သ ခင်
အို နှင်း ဆီ ♥♥

အေး အေး မြ မြ
တု အ လှ ကို
ပိုက် ထွေး ခါ များ
ယု ယ ချင် တော့
ချု ချင် သူ ရယ်
မောင့် ကို တော့ ဖြင့်
ဆူး များ မ ပါ
မုန်း မ ပါ ပဲ
ခြွေ လို ကြွေ ကြ
မ ခူး ရ ပဲ
ဝေ ပြ မှာ လား
ဘု ရင် မ လေး
နှင်း ဆီ ငယ် ♥♥♥

ချစ်သူ ဖတ်ဖို့ (၁၁)

ချစ်သူ ဖတ်ဖို့ (၁၁)
♥♥♥♥♥♥♥♥♥♥♥♥♥

ချစ်သော ခင် ရေ
မောင့် မေတ္တာကိုဖြင့်
ကမ္ဘာ မြေထုရယ်နဲ့
နိုင်းဆခါ တိုင်းပြချင်တယ် ♥♥

ချစ်သော ခင် ရေ
မုန်းတေး မဆို
လွမ်းတေး မသီ
တစ်သက် မမုန်း
အချစ် ဆုံးမို့
မေတ္တာ တရားနဲ့
ယှဉ်ပြိုင် ပါလို့
မောင် ♥♥♥
သစ္စာထားပုံတွေကို
မြေ ဝသုန်ထုမှာလေ
သက်သေ တည်ရင်း
မြတ်ဘုရားမှာ ကွယ်
ပန် သစ္စာဆု
သည် မောင် ပြုမယ်
တစ်ဘဝ မဝေး
အသက် ပေးလို့
ထာ ဝ ရ သာ
ချစ်ပါ ရစေလား
မောင့် သ ခင် ~~~

အချစ်တွေက ခါးလေ သလား

အချစ်တွေက ခါးလေ သလား
-----------------------------

အလွမ်းတွေက ကုဋေကုဋာ

အချစ်တွေက ဝေသန္ဒရာ

သစ္စာတွေက စင်္ကြာဝဋာ

မာယာတွေက အဖြူထည်ပါ

အကြင်နာတွေက ကောင်းကင်ပမာ

သူ့ အပေါ်ကိုယ်မှ ချစ်မိတာ

ရလိုက်တာက ဝေဒနာ

ကျွန်တော် အတွက်တော့

ဩော်

အချစ်တွေက ခါး ခါး လိုက်တာ

!! ထား ရစ် သူ သို့ !!

!! ထား ရစ် သူ သို့ !!
&&&&&&&&&&&&

တစ်သက် တစ်ခါရယ်
တဒင်္ဂ အချစ်တွေနဲ့
ထား ရစ် သူ ရေ .....

ခူး လို့ပင် ခြွေ
ဝေ လို့ပင် မကြွေရပါပဲ
ကျွန်မ အသည်းကိုမှ
သစ္စာ မပါ
မေတ္တာ ဓါးထက်ထက်နဲ့
ခွဲရက် လေသလား
မောင် စိမ်းကား ရယ် .....

နှစ်မွှာ အသည်း
ကြွေခါ ကွဲတော့
ဝေပါ မစဲ
မျက်ရည် သည်းရင်း
သခင် မမြင်
သခင် မသိပါလည်း
ထားရစ်သူ မောင်စိမ်းကားသို့
အချစ် သေခါ လွမ်းကဗျာနဲ့
ဆုတောင်းခါ အမှာခြွေလိုက်မည်
အရှုံးတရားတွေနဲ့
ကျွန်မ နှလုံးသား ဈာပန ပွဲကို
မာယာ မပါ စေတနာနဲ့
ကြေးစည်သံလေး လှိုင် လှိုင် ထုရင်း
ပို့ဆောင်ကာ ဆုတောင်းပေးပါလား
ထား ရစ် နိင် သူ ကြီး ရယ် .....

*ချစ်သော မ ထံပါး သို့*

*ချစ်သော မ ထံပါး သို့*
~~~~~~~~~~~~~

ချစ် သော မ ရေ
ကျွန်တော် ဘဝ အမှန်က
ဂုဏ် ဓန က သုည ပါ
ကောင်းကင်လိုလည်း မမြင့်မား
ရေမြေလိုလည်း မခန်းနားတဲ့
ဘဝ သမားမို့ ခဏ အနားမှာ
မနေနိင်တာကို ငြူစူကာ
အပြစ်တွေလည်း မတင်ရက်ပါဘူး .........

ချစ် သော မ ရေ
တဒင်္ဂ ဆိုတဲ့ အချစ်တွေ
ဖြစ်ပေါ်လာတာ မဟုတ်ရပါပဲ
ရင်ထဲက လာတဲ့ မေတ္တာ စစ်
သစ္စာ အချစ်တွေနဲ့ပါ ဗျာ ....

ချစ် သော မ ရေ
သိဝေမင်း က ဥမ္မာဒါနီ ကို
မြင်မိ မှ ရူးရသလို
မ အလှ မ ဘဝ ကို သိမှ
ချစ်မိစေသား မေတ္တာထားရင်း
နူတ်တစ်ရာ စာတစ်လုံးရယ်နဲ့
မခွဲတမ်း တစ်သက် စွဲလန်းလျက်မို့
ကျွန်တော်လေ
အရမ်း ချစ် တယ် မ ရယ် .....

ချစ်သူ ဖတ်ဖို့ (၇)

ချစ်သူ ဖတ်ဖို့ (၇)
။။။။။။။။။။။။။။။။။။

ခင် ရေ
ခင့် အပေါ်မယ်
သိ ကြား စေလေ
သက်သေ ညွှန်းလို့
မောင့် ရင်ထဲက
အနှိုင်းစ ကို
တိုင်းပြ ဖို့ရယ်
ဒီ ကမ္ဘာမှာ
ဝေါဟရ တွေ
ရှာဖွေ မတွေ့
ကျွမ်း တ မြေ့ မြေ့ ......

ခင် ရေ
မပေါင်း အပ်၍
ကောင်း မြတ်သလို
စဉ်စား ရင်လည်း
မေတ္တာ တရား
သစ္စာ ဓါးနဲ့
ခုတ် ပိုင်း ဖြတ်ခါ
ထားခဲ့ ပါတော့ .....

ခင် ရေ
ရင်မှ မျက်ရည်
မိုး သို့ ဆွေလည်း
ခင် မှ မမြင်
ခင် မကြင်မို့
နှောင်း တ မေ့ မေ့
ဩော်
အောက်မေ့ ရအုံးမှာပါ တကား .......

ချစ်သူ ဖတ်ဖို့ (၁၀)

ချစ်သူ ဖတ်ဖို့ (၁၀)
♥♥♥♥♥♥♥♥♥♥♥♥♥

ခင်ရယ်
ခင့်အပေါ်မှာထား 
မောင့် မေတ္တာ တရားက
ခန်းခြောက် တက်တဲ့
ရေအိုင်မှ မဟုတ်တာလေ
မှန်းဆ လို့မရတဲ့
ပင်လယ်ပြင်ပါ ~~

ခင်ရယ်
မေတ္တာဟာ အေးမြပေမယ့်
ကမ္ဘာဦး အစကတည်းက
ချစ်တဲ့သူတိုင်း ရင်နာရတာ
ကံတရားကြောင့်များလား
အချစ်ဆိုတဲ့ ဝေါဟာရ
ရှာဖွေကာ ခြေရာကောက်တော့
ခက်ဆစ်တွေ က ခပ်များများ
သစ္စာတွေက ခပ်ရှားရှားနဲ့
ပူတယ်လေ ဆယ်နွေကဲပြီမို့
အချစ်ရေ ©---
သူစိမ်းတွေလို့ မှတ်ထင်မထားသူက
သည်နေ့လည်း အိမ်မက်တယ် !!!!

ဘယ်သူ သိပါလဲ

ဘယ်သူ သိပါလဲ
=========
ချစ်သူ နမ်းဖို့

ပါး တစ်ခြမ်းကို

အလွမ်း တွေလိမ်း

မေတ္တာ စိမ်းနဲ့

သုတ်လိမ်း ချယ်သ

ငါ့ ဘဝ များ

ဘယ်သူ က မြင်

ဘယ်သူ သိ လို့

ကြင် ပါမလဲ ©©©


ချစ်သူ ဖတ်ဖို့ (၆)



ချစ်သူ ဖတ်ဖို့ (၆)
************
ခင်ရေ
မောင့် ဘဝက
နေကြာ ပန်းလေ
ခင့် အလှ က
ကုမုဒ္ဒါ ထား
ရေ က အသင့်
ကန် အတင့် မို့
ချစ်သူ ကတော့
ပန်း လှလှပါ
မောင် ကတော့ကွယ်
ဥယျာဉ် မှုးပေါ့
အရိပ် နေ နေ
အခက် တွေကို
မချိုး ရပဲ
ရင်နှင့် ရင်းလို့
မေတ္တာ ရေဖြန်း
သစ္စာ ကျမ်းနဲ့
ပြုစု ကာလေ
ပျိုး ထောင်ပေမယ့်
ချစ်တဲ့ သူငယ်
ခင် သက်လျာက
မုန်းရောင် ခြယ်ကာ
မျက်ကွယ် ပြုတော့
ချစ် မိသူရယ်
သည် မောင်မှာဖြင့်
အသည်း ကြွေပြုန်း
ဩော်
ဘဝ သေဆုံး .......

ချစ်သူ ဖတ်ဖို့ (၄)



ချစ်သူ ဖတ်ဖို့ (၄)
♥♥♥♥♥♥♥♥♥♥♥♥

ခင် ရေ
နှစ်လွှာ တစ်ရွက်
စွယ်တော် ရွက်နှယ်
ဘယ်ခါ မခွဲ
အတူ တွဲလို့
နေကြ မယ်လေ
ရည်စူး ပေမယ့်
ချစ်တဲ့ သူငယ်
ခင် သက်လျာက
မုန်းရောင် ချယ်တော့
အပြုံး ကွယ်ပျောက်
အလွမ်း တစ်ပေါက် ~~

ခင် ရေ
ကြာ တစ်ပွင့်လို
တစ်ရိုး တစ်ငုံ
ဖူးပွင့် စုံရင်း
သစ္စာ က ရစ်
မေတ္တာ စစ်ဖြင့်
ချစ်မိစေ သား
ကြင်နာ ထားမယ်
စိတ်ကူး ပေမယ့်
ချစ်တဲ့ သူငယ်
ခင် သက်လျာက
မေတ္တာ မယုံ
ကံ ကိုယ်ပုံရင်း
သွေခွာ ပြေးတော့
နှလုံး ကြွေခြောက်
အချစ် ပျောက်လို့
မောင့် ဘဝတော့
သေ ခဲ့ ပြီ !^!

ချစ်သူ ဖတ်ဖို့ (၂)

ချစ်သူ ဖတ်ဖို့ (၂)
♥♥♥♥♥♥♥♥♥♥♥

ခင်ရေ
မေ့မှ ဖြစ်မလား
ချစ်မိသမျှ ကို
မျက်ကွယ် ပြုတော့
နှလုံး ပျက်စည်း
နာကျင် ခြင်းနှင့်
ဆင်းရဲ ခြင်းမို့
ရင်ထဲက နာ
ဪ ......
အချစ် ဒဏ်ရာ ♥♥

ခင်ရေ
ရစ်ချည် သမျှ
ဗျာ ပါဒတွေ
ကျွမ်းလို့ နေတော့
သောက အပူ
သိနေ သားနဲ့
နေနိင်ရက် ညား
စိမ်းကား ပုံများ
နွမ်းသူ့ ရင်ကို
မမြင်လေ သလား &&

ခင်ရေ
ဖြစ်မည် ပျက်မည်နဲ့
ချစ်မိသမျှ နွံ့
အမြစ် ကျွံရင်း
ဖယ်ခွာ ခက်စွာ
ကြာရိုး အလား
ခက်တယ် ခက်တယ်
ဖြတ် မလွယ်ဘူး
မောင့် အချစ်ရယ် ♥♥

Thursday, October 10, 2013

ချစ်သူဖတ်ဖို့ (၁)



ချစ်သူဖတ်ဖို့ (၁)
♥♥♥♥♥♥♥♥♥♥♥

အဝေးနေရလို့
အနေဝေးတာမှ
မဟုတ်တာပဲ ခင်ရယ် ~~

နှလုံးသားခြင်း
နီးကြပါ လျှက်
ကံကိုယ် ပုံကာ
မေတ္တာ တွေကို
မြေမှာ မြှုတ်လို့
မောင့်
အချစ်တွေကိုမှ
ဥပေက္ခာ တွေ
ပြုရက်လေးသလား **

ရှိပါစေတော့
အချစ် မွဲသူ
မောင့်လို့ လူအဖို့
မေတ္တာ ကိုယ်ယုံ
သစ္စာ ကိုယ်ပုံရင်း
ကမ္ဘာ တည်စဲ
ချစ်နေမြဲမို့
နှလုံးသား မှတော့
ဩော် .....
ခင် ရှိမြဲပါ တကား !^! 

မေတ္တာ ငတ်ခဲ့ပြီ



မေတ္တာ ငတ်ခဲ့ပြီ
-----------------

ငါ တစ်ကယ် ညံ့ပါတယ်
ကံ ကမွဲ အသိကနည်းနဲ
အချစ်ဆိုသော ပုစ္ဆာ ကိုမှ

ခက်ဆစ်တွေနဲ့ ရှာဖွေးနေရင်း
ကာရန်မပိုင် လင်္ကာမနိင်လို့
ဆရာမတွေက ပြလိုက်တဲ့ပညာ
ငါ မချစ်တက်ခဲ့လေ သလား ♥♥♥


အချစ်ဆိုတာက ခါး
အတိတ်ဆိုတာက ဝါးနဲ
လျှောက်နေသော လမ်းခရီးမှာ
အလွမ်းဆိုသော မိုးပေါက်တွေက
ဘယ်အချိန်များမှ ငြိမ်းပါမလဲ !¡!¡!¡


ကိုယ်ချစ်ရှာတော့ ရလိုက်တဲ့ ဒဏ်ချက်
ခုချိန်ထိ သွေးတွေက ရှင်ရှင်ထွက်လို့
သူချစ်ရှာတော့ သစ္စာကမတည်
သြော် ~~~~~~~
အချစ်ညာ ပလီလို့ ငါ့ မှာလေ
မေတ္တာတွေပင် ငတ်ခဲ့ပြီ ****

Friday, October 4, 2013

နှင်းဆီ အရှင် သို့ စာချွန် လွှာ

နှင်းဆီ အရှင် သို့ စာချွန် လွှာ
╰⊰✿´╰⊰✿´╰⊰✿´╰⊰✿´

ချုချင် သူတွေ
များပါ ဘိနဲ့
သတင်း ကြည်လှ
သင်းကြည် မြတဲ့
ချစ်သော နှင်းဆီ
အို နှင်းဆီ ရေ !!!!!!

ပျားများ အလည်
မေတ္တာ နွယ်လို့
ကျွန်တော် မျိုးမှ
ချစ်မိ လေတော့
မေတ္တာ သက်သေ
ချစ်မိုး ဆွေရင်း
ဖွင့်ဟ ကာလေ
နူတ်တစ်ရာ နှယ်
စာ တစ်လုံးနဲ့
ဖွင့်ဟမိပေါ့ အို နှင်းဆီ ~~~

မှန်သောသစ္စာ ဆိုဝံ့ပါ၏
ချစ်တာသိရင် သစ္စာတွေလည်း
ရှိပြပါမယ် မေတ္တာငတ်ရင်
အကြင်နာတွေလည်း ပေးဝေပါမယ်
စိတ်ကူးတွေနဲ့ ရူး ကျွန်တော်မှာလေ
အပျော်တွေပင် ကျူးခဲ့ပါပေါ့
ချစ်သောနှင်းဆီ အို နှင်းဆီ ရယ် ...

ဒါပေမဲ့လေ ...
ကံမွဲ သူက ကျွန်တော်ရယ်ပါ
အသည်းတွေပင် ကြွေကျပါလို့
အချစ်တွေပင် ပျက်သုန်းပါမှ
နှင်းဆီအရှင်က ပျော်မှာလားကွယ် ....

ခုများတော့ ဖြင့်
မရွှင်အသည်းမှာ ရင်ခွဲသာ
ပြချင်စမ်းပါဘိ နော်
ပူသမျှ အပူတွေကိုမှ
အတူမျှခါ ယူချင်မိသူကို
ဓါးထက်ထက်နဲ့ ရင်ကိုယ်ခွဲလို့
မဖြစ်နိင်ဘူး ကြိုတင်တွေးရင်း
ဝေးကြရမဲ့ အရေးကိုများ
ဘယ်အတွက်ကြောင့် ပြောရလေသလဲ
ချစ်သော နှင်းဆီ အို နှင်းဆီ ရယ် ......

ရှိပါစေတော့ ကွယ်
ဖြစ်သမျှဝံ့ မောင့် အလွန်မို့
ဆုတ်ရင်လည်းစူး စားရင်လည်းရူး
မထူးတော့မဲ့ သည်အခြေနေ
အချစ်မွဲသူ မောင့် အတွက်တော့
သေသွားတာမှ ကောင်းပါလိမ့်မယ်
ချစ်သောနှင်းဆီ အို နှင်းဆီ ရယ် ......

မော်ဖူးခွင့်လေး ပေးလှည့်ပါ

မော်ဖူးခွင့်လေး ပေးလှည့်ပါ
^!^-------------------^!^

ခင်ရေ !!!!!!!!!!!!
!!! မကြင်နာလို့ 
.......... တမင်ခွာလည်း
နှလုံးသားမှ ဒဏ်ရာများနဲ့
ရင်မှာဆွေးလို့ ဖြေပါမယ် ....

ခင်ရေ !!!!!!!!!!!!
------- မရွှင်အသည်းမှာ
ရင်ခွာလို့ရယ် ပြလို့ရရင်
ပြခြင်စမ်းတယ် ....

အချစ်နဲ့ မနုဿ
ဩော် ....
ခင့် အပေါ်ကိုမှလေ
မောင့် ချစ်ခဲ့မိတဲ့
ချစ်မေတ္တာတွေက
မောင့် အသည်းတွေများ
ကွဲကြေဖို့လား အချစ်ရယ် ....

မေတ္တာတရားရော
သစ္စာတရားတွေပါ
ခင့် အပေါ်မှာ ထား
ရှိနေညားမို့ ဘဝတွေက
မလှလေတော့ ခင် ရေ
မသေခင်လေး ဒီဘဝလေးမှာ
ခင့် မျက်နှာတော်လေးတော့
မောင် လေ
မော်ဖူးခွင့်လေး ရခြင်တယ် .....

အမုန်းခွန်အား ပေးသနားပါ

အမုန်းခွန်အား ပေးသနားပါ
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

အနောက်ကျွန်း တောင်စွယ်မှာလ

.............................. ရောင်နီရယ် ကြပါပေါ့

တောင်စွယ်စွယ် နေ မကွယ်ခင်

............. အရှင့်အာဏာ ပါးကွပ် သားတွေနဲ့

ချစ်တဲ့သူ ခင်သက်လျာ ဆီသို့ ....

................ဘုရား ကျွန်တော်မျိုးရယ်ကလေ

ချစ်မီးလျှံ ရင်ဝယ်ပိုက်ပါလို့ ....

ဒူးထောက်ကာ လည်စင်းပေးလိုက်သည် .....

.................မနှေးအမြန် ကွပ်မျက်ရအောင်

ဓါးထက်ထက်တွေ မလိုတော့ပါဘူး

အလွမ်းသက်သက် လှမ်းအခက်ခက်မဖြစ်အောင်

နောင် ဆိုတဲ့ ဘဝတွေမှာဖြင့်

............................ အမုန်းခွန်အားလေးသာ ပေးခဲ့ပါ ။ ။


နှလုံးသား မြေမြှုပ်ပွဲ (ခ) ဝဋ်ကြွေးရှိရင် ပြေတော်မှု



နှလုံးသား မြေမြှုပ်ပွဲ (ခ) ဝဋ်ကြွေးရှိရင် ပြေတော်မှု
************* ..... !!!!!!!!!!!!!!!!!!!!!!!!!!!

နှလုံးသားကိုယ်ရင်းလို့
ပွင့်လင်းစွာ ဖွင့်ဟမိသူရဲ့
ဝေဒနာများနဲ့ မြေမြှုပ်ပွဲပါ ခင် ....

အရှုံးများစွာနဲ့ မုန်းတရားမပါပဲ
နှလုံးသားက ပြုံးပြပေးမယ် 
မင်းကုသထုံး နှလုံးမှုလို့
ခင့် အပေါ်ဝယ် အချစ်တို့က
မြူမှုံတစ်မျှ ရော့မသွားပါဘူးကွယ် ....

နှလုံးသားချင်း နီးကြပါရဲ့
ရင်ကိုယ်ရင်နဲ့ ရင်းတဲ့ပွဲမှာ
ဒဏ်ရာတွေ ကိုယ်စီနဲ့လေ
ဘယ် အတွက်ကြောင့်များ
ခွဲခွာအဝေး ရှောင်သွယ်ပြေးဖို့
ကြံစည်လေသလဲ မောင့် အချစ်ရယ် .....

မုသားမပါ လင်္ကာမချောပဲ
အချစ်ဆိုတဲ့ ခတ်ဆစ်ကိုမှ
ဖြေရှင်းမိသူက ဒုတိယမြှောက်
နှလုံးသားတွေ ကွဲကြေခြင်းလား 
ကိုယ်ချစ်ရှာလည်း ဝေးရ
သူချစ်ရှာလည်း လွဲရနဲ့
ဆိုးလိုက်တဲ့ အတိတ်ကံက
အကြောင်းရယ် ဖန်တော့
ဩော် ......
ဝဋ်ကြွေးရှိရင် ပြေတော့မှုပေါ့ ကွယ် .....

ကဗျာမဆန် ကာရန်မလှ
မောင့် ဘဝများက ဖြင့်
နေ အစင်းတစ်ရာ ပူသလိုပ
ချစ်တာသိလို့ ရင်ဆိုင်ရဲ့ရင်
ပကာသနတွေ ဖယ်ကာထုတ် 
အချစ်အိမ်လေး တည်ဆောက်လိုရယ်
ရပါသေးတယ် အချစ်ဆုံးရယ် .....

ခုတော့ကွယ် .....
ပွဲမဝင်ခင် တက်ကျိုး သလိုလား 
မပစ်ခင်က မြှားတစ်ချောင်းလို့
မခိုင်လို့များ ကျိုးခဲ့လေသလား
ကျစ်ခဲ့သော ကြိုးတစ်ချောင်းက
မခိုင်လို့များ ပြတ်ခဲ့လေသလား
စိတ်တွေပင် ထွေကာသွားပါပေါ့
ခင် ရေ .......
အချစ်တွေကို တွယ်ကာ သိမ်း
မေတ္တာတွေကို ဖယ်ခွာမစိမ်းပဲ
မောင် လေ .....
နှုတ် နှုတ် ဆက်ခဲ့ပါရစေကွယ် .....