ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, September 3, 2013

မိပန်းဝေ သို့


မိပန်းဝေ သို့
)))))))))))))

အလွမ်းသမား ဘဝမို့
အလွမ်းတွေ ထပ်နေတာ
မဆန်းပါဘူး ပန်းဝေ ရယ်...

လမ်းခွဲတာ ဝမ်းနည်းစရာ
မဟုတ်ခဲ့ ပေမယ့် မှန်းချက်နဲ့ 
နှမ်း ထွက်မ ကိုက်ခဲ့တာတော့
ငါ ရင်နာရမှာလား ပန်းဝေ ရယ် ...

အချစ်ဆိုတာ ပေးတဲ့သူနဲ့
ယူတဲ့သူတွေ ကြားမှာပေါ့
ပေးတဲ့သူနဲ့ ယူတဲ့သူက
နားလည်မှုတွေ ယုံကြည်မှုတွေ
သစ္စာရှိမှုတွေနဲ့သာဆိုရင်
ဘယ်သူခွဲခွဲ လက်တွေမြဲခဲ့မှာပါလေ
ခုတော့ကွယ်
ဘယ်လောက်ပင်ပေးခဲ့ ပေးခဲ့
မညှာတာ နာမ်စားသုံးလို့
ဒီရင်ခွင်ကမ္ဘာကိုမှ နင် လေ
နင်းခြေ စားသုံးသွားတာတော့
အလွမ်းသက်သက် နဲ့သာ
အလှမ်းခက်ခက်ပဲ ကျန်ခဲ့ပါတယ် 
       အချစ်ဆရာမကြီး ပန်းဝေ ရယ် .....
 
 

No comments:

Post a Comment