သစ္စာမပြယ်ခဲ့ပါဘူး လှိုင်
-------------------------
တစ်နှစ်ကူးတော့မယ်
ချစ်ဦးသူ လှိုင်ရေ ...
ထားခဲ့ကြ ကတိ
တွယ်ငြိခဲ့ သံယောဇဉ်
နင် မကြင်နာ တမင်ခွာစိမ်းပေမယ့်
ဒီရင်မှာ မေ့မရသေးတာက
ငါ့ အချစ်တို့ စစ်ခဲ့လိုပါ လှိုင် ....
မလွမ်းတက်သူက လမ်းခွဲခဲ့ပေမယ့်
လွမ်းအသည်းနဲ့ လူ ကလေ
မရွှင်အသဲမှာ ရင်ကွဲနာသာ
ကျန်ခဲ့ရတာပ လှိုင် ....
ငါ့ အပြောတွေ ကောင်းလို့
စိတ်ကစား မိတာတဲ့လား
ပြောထွက်တဲ့ စကား တစ်ခန်းတစ်နားပါပဲ လှိုင်
လွပ်လပ်မှုတွေ ပေးခဲ့ပြီးသားပါ
အများသူငှာ ပြောသမျှတွေကို
ရင်စည်းကာခံရင်း လည်စင်းကာထားသူကိုမှ
သစ္စာမရှိသူလို နင် ကတော့ပြောပြီး
ထောက်ထားမညှာပဲ နောက်ဇယားတွေနဲ့
ဖောက်ပြားနေတာက ငါ လား နင် လား လှိုင်ရယ် ...
နင် ထားသလိုနေ နင် ပျော်ရင်ပြီးတာပဲလို့တွေး
ခပ် အေးအေးလေး ငါ နေပေးခဲ့ပါတယ် လှိုင်
ငါ မတွေးတော့ဘူး မလွမ်းတော့ပါဘူးရယ်လို့
စိတ်အတွေးဝယ် တေးမှတ်ထားပေမယ့်
အမှတ်ရစရာတွေ မြင်တိုင်း ဘယ်ဘက်ကနှလုံး
လှိုင်းတစ်ပိုးတွေ တုန်တုန်သွားမိလို့ပါ
အရမ်းချစ်ခဲ့သူနဲ့ အချစ်ကစားသူတို့ရဲ့
နှလုံးသားတိုက်ပွဲမှာ လိုက်ပွဲမပါပဲ
သစ္စာမြဲတဲ့ အသဲတစ်ခြမ်း နင့်အတွက်
အမြဲများ လွမ်းနေမလား မသိတော့ပါဘူး
ငါ့ ကိုမချစ်တဲ့ ငါ့ ချစ်သူ လှိုင် ရယ် .....
No comments:
Post a Comment