ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, September 14, 2013

ဘယ်သူခွဲမလည်း ခင်


ဘယ်သူခွဲမလည်း ခင်
----------------------
ခင် 
အကြည့် စူးစူး 
ရင်သို့ ထူးလို့ 
စက္ကန့် မလပ် 
မြင် ချင် တယ်* **

ခင်
အမြင် အတွေ့
ရင်ခုန် ငွေ့မို့
သက်ဆုံး တိုင်သာ
ချစ် ချင် တယ်***

ခင်
တစ်ရိုး တစ်ညှာ
ရွှေကြာ ပမာ
အမျှင် တွဲလို့
မခွဲ မခွာ
နေ ချင် တယ်***

ခင်
တစ်ခါ အချစ်
မပြော ဝံ့ဘူး
နှစ်ခါ အချစ်
မပြော သင့်ပါ
တိုင်တည် လို့ထား
နှစ်ဦး သားက
နားလည် အစ
လက်တွဲ ကြမို့
ချစ်တာ သိခါ
တို့တတွေများ သစ္စာရှိရင်
    ဘယ်သူ ခွဲလို့ ဝေးမလဲ(လည်း) ...

No comments:

Post a Comment