--------------------------

ချစ်တက်တဲ့ နှလုံးသားအစုံစုံကိုမှ
အခွန်လွတ်ဈေးသဖွယ် သတ်မှတ်ပြီး
နင် ဈေးတွေကစားသွားတာလား
အချစ်သဌေးမလေး မမနွယ် .....
ဆုတ်ရင်လည်းစူး စားရင်လည်းရူးနဲ့
တွယ်တာမိသူ ငါ့ အမှားတွေပါပဲ
စိတ်စေရာ ဝေဒနာအတွေးတွေက
သိပ်မသေခြာသေးလို့ မေ့မရသေးတာ
အကောင်းတော့မထင်လိုက်နဲ့ မမနွယ် .....
၁၅၀၀ဆိုတဲ့ အပူချစ်တွေကိုမှ
အတူမျှယူမယ်ဆိုပြီး ချစ်ခဲ့ကြတာတွေပါ
နင်ကတော့လေ သူသူငါငါနဲ့မတူ
စန္ဒာမုခိ ဘီလူးမလို ပါလားဟာ
တစ်ယောက်မကောင်းပါမှလေ
တစ်ယောက်ပြောင်းတာလည်း မဟုတ်
ငါးစိမ်းမြင်လို့ ငါးကင်ပြစ်တာလည်း
မဟုတ်ပဲ တစ်ပြိုင်နက်ထဲ
လှေနံ နှစ်ဖက်နင်းခြင်သူမျိုးပါလာ
ငါ မှားခဲ့ပါတယ်ဟာ မိုက်ရူးစွာ
အချစ်ကိုမှ ကုန်စည်တစ်ခုလို
ဈေးကစားတက်တဲ့ နင့်မာယာထဲမှာ
ငါ့ အချစ်တွေက သဲ ထဲ ရေ သွန်
ဖြစ်ခဲ့ရတာတော့ နှမြောလွန်းတယ်
ထားလိုက်ပါလေ ပြီးသွားပြီပဲ
သံသရာတစ်ကွေ့မှာ နင့်လိုလေ
မာယာကြွယ်ကြွယ် မိန်းမမျိုးနဲ့
ထပ်လို့မဆုံပါရစေနဲ့တော့လို
ဆုတွေတောင်းရင်း နင်နဲ့ဝေးရာသို့
တစ်လှမ်းခြင်း တစ်လှမ်းခြင်းပါ မမနွယ် .....
No comments:
Post a Comment