ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, September 3, 2013

သော့ခတ်ကာပဲ ထားတော့မည်



သော့ခတ်ကာပဲ ထားတော့မည် 
---------------------------------

ဖေ့ဘုတ် တစ်ခွင်
ခြေရာ ထင်လည်း
မင်္ဂလာ ပါ
ချစ်သူ ရယ်လို့
အများ သူငှာ
နူတ်ဆက် တာများ
စိတ်ဝယ် နှလုံး
ပီတိ ဖုံးတယ် ....

ငါ များ ဘယ်ခါ
နူတ်ခြွေ မလဲ
သူသူ ငှာငှာ
မေးကြ ကုန်သော်

ဘဝအဖော် မဖြစ်ပဲ
ခဏ လှော်ချစ်သွားတဲ့
အပျော် ချစ်တွေဆိုရင်
ကြောက် လှသူမို့
သံယောဇဉ် တွေ
ကွယ်ကာ ချုပ်ရင်း
နှလုံးသား ကိုလေ
သော့ခတ်ကာပဲ ထားတော့မည် .....

No comments:

Post a Comment