ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, September 20, 2013

တ သ သ

တ သ သ 
----------

ချစ်သူ ရေ
ချစ်သူ အသံ ချစ်သူ သဏ္ဍန် 
အဆင်း အနံ့ လေးတွေရယ်မှ
မဟုတ်ရ မဟုတ်ပါဘူးကွယ် ...

ချစ်သူ ရေ
မောင့်စိတ်ထဲဝယ် ဘယ်လိုတွေးလို့
ဘယ်နေ့မှာ ဘယ်လိုလွမ်းတာကို
ကဗျာဖွဲ့မယ် စာသီပြန်လည်း
ဖွဲ့နွဲ့မရ ခင့်အလှက
အပစ်လွတ်ကင်း ရွှန်းမလင်းပါ ....

ချစ်သူ ရေ
မတွေ့လို့ပင် ဆွေးကာနေတော့
တ သ သ နဲ့ လွမ်းရင်းငေးခါ
လွမ်းကမ္ဘာမှာ ကြယ် ရောင်မမြင်
လ ရယ်မသာ နေ ကမရှိ
လွမ်းစရာ အတိတွေပါလား ...

ချစ်သူ ရေ
ချစ်သူသည်သာ မြတ်နိုးရာမို့
မျှော်ရင်းတမ်းတ လွမ်းမဝကို
သနားရင်ဖြင့် ချစ်စွမ်းအားနဲ့
သခင်ထွေးလို့ ပိုက်လှည့်ပါ .....

No comments:

Post a Comment