ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, September 14, 2013

မောင့် ချစ်သူသို့


မောင့် ချစ်သူသို့
♥♥♥♥♥♥♥♥♥♥

မောင့်ချစ်သူဆီ ကဗျာသီလို့
ပေးပို့ချင်တယ် သည်လိုပါကွယ်♥♥♥

ပြင်မှာမတွေ့ အွန်မှာတွေ့ခါ
အချစ်စစ်များ မဟုတ်ညားလို့
ရွှေစိတ်တော်က ထင်နေသလား
သူငယ်ချင်းတွေ ပြောဖူးစကား
အမှတ်ထားလို့ မချစ်အစဉ်
ပစ်ခဲ့ပါလျှင် နွမ်းလျအသည်း
ကျွမ်းရမြဲကို သိမလားကွယ်
အတိတ်ကံရဲ့ ရှေ့ရေစက်ကြောင့်
နှလုံးသားဝယ် မုန်းမကြွယ်ပဲ
စိတ်ခြင်းနီးတာ ခင်လည်းအသိ
မောင်လည်းအသိပါ ချစ်သူရယ်♥♥♥

ချစ်သူကလေ စိတ်မရွှင်တော့
ခဏခဏပင် ဖျားနေလျှင်
မောင့်ရင်မှာ နွမ်း စိတ်တွေပင် ပမ်း
ဖြစ်ခွင့်ရလျှင် ချစ်သူ့အစား
မောင်ပဲဖြစ်ခြင် စိတ်အစဉ်ပါ
ချစ်သောသူရေ အပြင်ထွက်ရင်
ဆောင်းစရာလေး တစ်ခုယူကွဲ့
ချစ်သောခင်က နေဒါဏ်ခလို့
အပူစရင် ခေါင်းကိုက်တတ်တာ
ချစ်သောမောင်က သိနေသားမို့
စိတ်ပူတယ်လေ မောင့်ချစ်သူရေ♥♥♥

အပြင်မှပင် ပြန်လာလျှင်လည်း
ရေဝအောင်သော မောတွေပျောက်အောင်
ညနေစောင်းစောင်း အိပ်မကောင်းနဲ့
ခေါင်းတွေနောက်လို့ ဖျားနေပါမယ်
ချွေးစိုစိုလည်း ရေမချိုးနဲ့
ညဥ့်နက်နက်လည်း ခေါင်းမလျှော်နဲ့
ရေချိုးပင်လျှင် ရေပူးရေအေး
ရောစပ်ထွေးလို့ ချိုးစေခြင်ပင်
မောင့်စိတ်စဉ်ကို သိလို့နားလည်
မယာမပြော ချစ်သဘောပါ♥♥♥

ညတိုင်းပင်ရယ် ဖုန်းပြောလျှင်လည်း
မောင်နှင့်ပြောပြီး အိပ်စက်ခါနား
သည်စကားက ခင့်မျက်နှာလေး
မချောင်ပါရေး မျှော်ခါတွေးတယ်
ဆေးခါးပင်လျှင် မသောက်စဉ်မို့
ခင်မဖျားရေး ပြောမှာပေးရင်း
ဂရုစိုက်ထား မောင့်စကားက
တစ်မိုးအောက်မှာ မဖောက်လွဲ
ခင့်အနားမှာပဲ သေချင်တယ်♥♥♥

No comments:

Post a Comment