ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, September 14, 2013

မမျှော်ရဲပြီ နွေ

မမျှော်ရဲပြီ နွေ
---------------
 နွေ
နှင်းဆီဖူး တွေ
သင်းကြည်မြူး ပေမယ့်
နွေတခင်း တစ်လျှောက်မှာ
သည် အဖူး မခြောက်တော့
မောင့် ဘဝရဲ့
အမော တွေကလည်း
မပျောက်ပါလား ကွယ် ....

နွေ
ပကာသန တွေနဲ့
ဆေး ရောင်ခြယ်ဖို့ရယ်
ကာလာစုံ မပါပဲ
သဘာဝ ဆိုတဲ့လေ
ရင်ထဲက အချစ်တွေနဲ့
ချစ်ခဲ့သူမို့ ဘဝတွေက
မလှလို့များ ထားခဲ့လေသလား ....

နွေ
........နွေ
...............နွေ
စမ်းရေတွေက ခန်းပြီ
ပန်းအကြွေလည်း လန်းစီ
မောင့် အလွမ်းတို့က ကြမ်းသည်
ဩော် .............
အလွမ်းတွေက စမ်းရည်တွေလို
ကြမ်းခဲ့ပေမယ့် အိမ်မက်လေလား
ဝိုးတဝါးနဲ့ ပျောက်သော နွေ ကို
မမျှော်ရဲပြီမို့ ....


 

No comments:

Post a Comment