ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, September 14, 2013

ချစ်တာပဲ သိတယ်

ချစ်တာပဲ သိတယ်
-------------------

ချစ်တယ် ချစ်တယ်

ချစ်တာပဲသိလို့ ချစ်မိနေတယ် .......

အမုန်းဆိုတာက အရူံးသမားအတွက်

ဆန့်ကျင့်ဘက်တွေ ဖြစ်ရမယ် ....

အပြုံးဆိုတာ အရူံးသမားတွေအတွက်

ဖြေသိမ့်စရာပဲ ဖြစ်ရတယ် .....

ဘဝရဲ့ အချစ်စစ်ဆိုတာကို

ဘယ်မှာဖွေ့ရှာ ရမလည်း ....

သောကရဲ့ ခြေရာတွေပဲ မဟုတ်လား

လောကရဲ့နိယာမပဲ မဟုတ်လား .....

မဖြေသာလို့ နှလုံးကျွမ်းတော့

ဝေဒနာလမ်းက ကြေငြာမယ်လေ......

ရိုးရိုးဘွင်းဘွင်း ရှင်းရှင်းလင်းလင်း

ချစ်သူရယ် ချစ်တယ် ချစ်တယ်

ချစ်တာပဲသိလို့ ချစ်မိနေတယ် .....

No comments:

Post a Comment