ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, September 14, 2013

မိ သဲ ညာ သို့


မိ သဲ ညာ သို့
---------------

မချစ်လို့ မုန်းပြီဆိုမှတော့
ငါ ပြုံးမပြတော့ဘူး မိသဲညာ .....

အဖော်မပါ နေ့သစ်တွေထဲမှာ
ပျော်စရာ အထိအတွေ့တွေနဲ့
နင် မပါတာ သိနေလည်းလေ
ငါ ဖြတ်သန်းရဲသွားပြီ မိသဲညာ ....

မချစ်လို့ ထားခဲ့ရက်စက်သူနဲ့
ချစ်လို့ ကျန်ရစ်သူတို့ရဲ့လေ
လွန်ဆွဲပွဲမှာ မိုးတွေလည်း မခါး
သစ္စာရှိရှိ ချစ်သူတွေကလည်း
ဒု နဲ့ ဒေး ပါပဲ မိသဲညာ ....

အချစ်ဆိုတဲ့ အရာကိုမှ
ယစ်ချိုရည် ဝိုင်တစ်ခွက်လို
နင် သောက်သုံးနေတာတော့
နောင်မှတတဲ့ နောင်တတွေ
နင် တစ်နေ့ မရပါစေနဲ့လို့
ဆန္ဒပြုရင် နင်နဲ့ဝေးရာသို့ ငါလေူ

No comments:

Post a Comment