ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, September 20, 2013

ပျော်ပါစေသား မောင်

ပျော်ပါစေသား မောင်
----------------------

မကြင်နာလို့
တမင်ခွာလေ သလား
အနေဝေးလို့
ထားခဲ့လေသလား မောင်...

မောင်မကြင် တမင်စိမ်းလည်း
သူစိမ်းရယ်မို့ မထင်ရက်ပါ

မောင်မမြင် မောင်မသိပေမယ့်
သည်ရင်မှာ တဒင်္ဂအချစ်တွေ
ဖြစ်လာတာမှ မဟုတ်တာလေ ..

မုန်းမာန်ပျိုးလို့ မုန်းရက်ရင်လည်း
ဝေဒနာတွေ နွေတစ်ရာပူတော့
မဖြေသာအလွမ်း သည်တစ်နွေမှ
ခန်း ခန်းပါမလား မောင်ရယ် ....

ပေးခဲ့ဖူးတဲ့ အချစ်ပန်းအတွက်
အပြစ်တွေလုပ် ရန်လည်းမလုပ်
ညိုငြင်ရင်လေ မေ့အပြစ်ပဲမို့
မောင် ရေ ...
လှမ်း လှမ်း၍ ဝေးကွာခြား
ချမ်း ချမ်း မြပါစေသား ....


 

No comments:

Post a Comment