ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, September 7, 2013

မူပိုင်ရှင်ကြီး မမခိုင်

မူပိုင်ရှင်ကြီး မမခိုင်
>>>>>>>>>>
Photo: မူပိုင်ရှင်ကြီး မမခိုင်
>>>>>>>>>>

ချစ်ကြောင်းကုန်စင်ကို
မဖွင့်ဟခင်တုန်းကပေါ့
အသာမိကော လား
သာမိကောလားလို့
ငါရဲ့နူတ်မှ မေးခဲ့ဘူးတယ် မမခိုင် ....

အချစ်အညာပိုင်လို့ နင်ကလေ
သစ္စာတွေ ယိုင်ခဲ့ပေမယ့်လည်း
ငါကတော့ နှစ်တစ်ရာမတိုင်ပေမယ့်
မေတ္တာတွေ ခိုင်ခဲ့ပါတယ် မမခိုင် ....

နှလုံးသားဝယ် အရည်ပျော်လို့
မေတ္တာမဏ္ဍိုင် ကိန်းဝပ်လာတော့
ချစ်တယ်လို့လေ ဖွင့်ဟတုန်းက
အပြုံးကချို ဟန်မူပိုရင်း
မညှာမတာ အသည်းစားသုံး
ပျားပိတုန်းထက် ဆိုးပါလား မမခိုင် ....

ခုတော့လေ
ငါ့နှလုံးသား နုနုနယ်မှာ
မုန်းတရားတွေ စုကာတွယ်တော့
နင့်ကိုလေ နာမည်တစ်လုံးရယ်နဲ့
တင်စားကာ သုံးလိုက်စမ်းချင်ပ
သစ္စာလည်းယိုင် မေတ္တာကမခိုင်လို့
ဩော် 
မူပိုင်ရှင်ကြီး မမ ခိုင် ...... 
ချစ်ကြောင်းကုန်စင်ကို
မဖွင့်ဟခင်တုန်းကပေါ့
အသာမိကော လား
သာမိကောလားလို့
ငါရဲ့နူတ်မှ မေးခဲ့ဘူးတယ် မမခိုင် ....

အချစ်အညာပိုင်လို့ နင်ကလေ
သစ္စာတွေ ယိုင်ခဲ့ပေမယ့်လည်း
ငါကတော့ နှစ်တစ်ရာမတိုင်ပေမယ့်
မေတ္တာတွေ ခိုင်ခဲ့ပါတယ် မမခိုင် ....

နှလုံးသားဝယ် အရည်ပျော်လို့
မေတ္တာမဏ္ဍိုင် ကိန်းဝပ်လာတော့
ချစ်တယ်လို့လေ ဖွင့်ဟတုန်းက
အပြုံးကချို ဟန်မူပိုရင်း
မညှာမတာ အသည်းစားသုံး
ပျားပိတုန်းထက် ဆိုးပါလား မမခိုင် ....

ခုတော့လေ
ငါ့နှလုံးသား နုနုနယ်မှာ
မုန်းတရားတွေ စုကာတွယ်တော့
နင့်ကိုလေ နာမည်တစ်လုံးရယ်နဲ့
တင်စားကာ သုံးလိုက်စမ်းချင်ပ
သစ္စာလည်းယိုင် မေတ္တာကမခိုင်လို့
ဩော်
မူပိုင်ရှင်ကြီး မမ ခိုင် ......

No comments:

Post a Comment