--------------------------
တယ် ငါပြောလိုက်ရရင်တော့
သင်းတို့တွေ မကောင်းဖြစ်ရောမယ်
ငါလည်းမဟုတ် နင်လည်းမဟုတ်
ဘာမဟုတ်တဲ့ ခန္ဓာတွေနဲ့လေ
ပြာကျရင် ဘာမှမရတဲ့
သဘာဝကိုမှ နားမလည်ကြလေသလား ....
ငါသည်က ကဗျာဆရာလည်းမဟုတ်
ပညာရှင်လည်း မဟုတ်ပေဘူး
သိသလောက် ဥာဏ်တစ်ထွာနဲ့ရယ်
ထာဝရမဟုတ်တောင် တခဏတာ
အပျင်းတော် ပြေရအောင်လို့
နှလုံးသားအမှန်ထား ငါ့စိတ်ဓါတ်အားနဲ့
ရေးကာနေသော ကဗျာမလှ
စာမကျတွေကို နားမလည်လေရောသလား ....
မဖတ်ချင်က ကျော်ကာသွားလို့
လာလို့ပင်မစော်ကားနဲ့ပေါ့ သင်းတို့တွေနဲ့
ဖက်လို့ရိုင်းရအောင် ငါသည်က
လူ့အရိုင်းလည်း မဟုတ်ညားပါ
ဗုဒ္ဓဘာသာ ဆင်းသက်လာသမို့
အမိလည်းရှက် အဖလည်းရှက်တယ်
ဒါကြောင့်မို့ ကြိုတင်ကာလေ
တောင်းပန်လိုက်ပါ၏ ကျွန်တော်ကို
$ဖောင်းတွေ လာလာမထုနဲ့
သင်းတို့မိဘတွေအစား ဝမ်းစပ်တယ် ....
No comments:
Post a Comment