
..... မှ တစ် ပါး -----
****************
ရူပါကမွဲ အသားကမည်း
အသိကနည်း ဥာဏ်ကမွဲလို့
လူကဆင်းရဲ သုံးမရတဲ့
အဖက်မလုပ် သင့်တဲ့လူသားပေါ့ ...
အချစ်ဆိုတဲ့ ဝေါဟာရကို
ခက်ဆစ်တွေနဲ့ ရှာဖွေနေရင်း
လိုက်လေဝေးလေ လမ်းပျောက်နေခါ
မေတ္တာတွေပါ ငတ်နေတဲ့လူသား ...
သူသူငါငါ သူငါအများ
လူတကာကြားမှာမှ သူက
သံယောဇဉ်တွေ ကြီးမားစွာနဲ့
မွေးဖွားလာသော လူသား ....
ရေးသီနေသော ကဗျာတွေက
ကာရန်ကမပိုင် လင်္ကာမနိင်ပဲ
အရေးအသား ကလေးကလားနဲ့
ပေါက်ပန်းစေးရေနေတဲ့ လူသား ...
သူယုတ်မာတွေ ဆဲကာနေလည်း
အပြုံးမပျက် မေတ္တာဖက်လို့
ရေးချင်ရာရေး ဆွေးချင်ရာဆွေးပြီး
ပျော်ပျော်နေတက်တဲ့ လူသား ...
သူ့ ကတော့
အချစ်တွေက ခပ်များများနဲ့
မေတ္တာတွေသာ မပျက်ပေမယ့်
တန်ပြန်မှု့တွေက ခပ်ခါးခါးပါ
သို့သော်
........... မှ တစ်ပါး အခြားမရှိမို့မျက်ရည်ဝေသီ ကဗျာစီရင်း ....
No comments:
Post a Comment