
ပန်းဘဝကို နားလည်ပါ မောင်
╰⊰✿´╰⊰✿´╰⊰✿´╰⊰✿´
ခူး လို့ပင်လေ
ဝေ ကြကြွေရ
ပန်း ဘဝကို
သခင်မြင်လို့ ကြင်လှည့်ပါ ╰⊰✿´
ဘယ်သူ ခြွေ ခြွေ
ပန်း က ဝေစဲ
ရနံ့ မြဲနဲ့
ပန်း တို့ဘဝ
ပန်း အလှကို
သခင်သိလို့ နားလည်ပေါ့ ╰⊰✿´
ခြောက် လျှင်ပင်နမ်း
မေတ္တာ စွမ်းနဲ့
သခင် သိလို့
ကြင် ခဲ့ရင်တော့
သည် ပန်းဘဝ
ပန်း အလှက
ဘယ်သူပြိုင်လို့ လှပါနိင် ╰⊰✿´
မောင့်ချစ်သူက ရနံ့လှိုင်╰⊰✿´
No comments:
Post a Comment