ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, September 5, 2013

မည်သူ ကယ်မည်နည်း

မည်သူ ကယ်မည်နည်း
-----------------------
 အို အသင်လောကကြီးရေ
ကျွန်တော် ကျွန်မတို့က
မွေးမြေရပ်ခြား တိုင်းတစ်ပါးမှာ
သောက်စားပျော်ပါး မူးရစ်ညားလို့
ပျော်နေမည်များ ထင်နေပါ တကား ...

မိဝေး ဖဝေး မွေးမြေဝေးလို့
နိင်ငံရပ်ခြား အော် မလေးရှားမှာ
သူဘာသာလည်း မစော်ကားလို့
သူစည်းစိမ်လည်း မလုပါးပါ
နဖူးကခြွေး ခြေမကျမှ
ရတာလေးတွေ စုကာစောင်းရင်း
မွေးမိခင်နှင့် ဖခင်သညာ
ညီရင်းနှမ သူသူငှာတွက်
အပျော်ဆိုတာပျက် ဘဝဆိုတာတွေ
မတွက်ခဲ့ပါပဲ လစဉ်ရယ်ပင်
ပို့ကာ အစဉ်ပေါ့ ....

ငွေအသပြာတွေ ကြွေကာမကျပါဘူး
သူကန်တာခံ သူပေးတာယူရင်း
အိုသမားရော အမှန်သမားပါ
ကြောက်ခါနေရ ကျွန်တော်ကျွန်မတို့
ဘဝတွေကို ဘယ်သူကများ
မြင်ကြည့်ဖူးသလဲ တွေးကြည့်ဘူးသလဲ.....

ခုများဒီမှာ ကိုအော်ပါရီစီကြောင့်
မျိုးဆွေညာရင်း ကျုပ်သားချင်းတွေ
စားလို့မဝင် အိပ်လို့မပျော်
သနားပါအော်လို့ ဟင်း စိတ်ဆင်းရဲခြင်း
ဘယ်သူမှ မကင်းပါ တကား ....

ကဲကဲ နိင်ငံဝန်ကြီး ကိုသံရုံက
ဖုန်းဆက်မကိုင် လင်းတမှိုင်ငိုင်လို့
အသင့် သားသမီးများအရေး
မည်သို့တွေးသလဲ မျှော်လင့်စောင့်စား
အချုပ်ခန်းနဲ့ ညားသတဲ့လားကွယ် ....


 

No comments:

Post a Comment