ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, September 7, 2013

မုန်း မ မ

မုန်း မ မ
+++++

အပြုံးလှလှတွေနဲ့လေ
အမုန်းခါးခါး တွေကိုမှ
အသုံးတော် ခံပြသွားတဲ့
မုန်းမမ ညာပလီရေ ....

ပုန်းရှောင်နေတဲ့ အသည်းကိုမှ
မာယာတွေ ကဋေကုဋာနဲ့
သေခြာစွာ ဝင်လာတာပ
အကာအချစ် သကာအချစ်
အပျော်ချစ်ဆို မလာပါနဲ့လား
ခုများတော့ ရင်အေးကာအိပ်မရဘူး
အတွေးတစ္ဆေ ပွေကာနေတော့
ရူးကျန်ခဲ့ရ ငါ့ ဘဝက
မျက်ရည်မိုးတွေ သွန်းဖြိုးဆွေ ....

ငါ့ကိုယ်သာပင် အချစ်ဆုံးလို့
ပရိရာယ်ကြွယ် ဥာဏ်မယ်မယ်နဲ့
ဂုဏ်ဓနက သုညမို့လား?
ငါ့ရုပ်ရည်က နုံချာနေလား?
အကျီးတန်တဲ့ အသည်းမည်းနဲ့မှ
ငါးစိမ်မြင် ငါးကင်ပြစ်သူမို့
နင့်အတွက် ဆုခြွေလိုက်ပါရဲ့
နောင်ဘဝဆိုတာ ရှိခဲ့ပါက
နင့်လိုလူမျိုး နင့်လို့အချစ်မျိုးတွေ
ဝေးပါစေသား ဝေးစေသားကွယ်
မုန်း မမ ရယ် .....

No comments:

Post a Comment