ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, September 14, 2013

မောင် လို့ခေါ်ခွင့်ပြုပါ မောင်

မောင် လို့ခေါ်ခွင့်ပြုပါ မောင်
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

မောင်
♥♥♥မွန်းကျပ်ဘဝင်
♥♥♥♥♥♥♥♥♥စားမဝင်ဘူး ...
♥♥♥အတွေးလေမြူး
♥♥♥♥♥♥♥♥♥စိတ်တွေကရူး ...

တွယ်တာကာရစ် မောင့်အချစ်က
ရွှေကြာရိုးလား ကွယ်♥♥♥

အဖယ်ကခက် အမျှင်ကတွဲ
ဖြတ်သော်မပြတ် ကျစ်ခါရစ်လို့
တေမိလိုပင် ဆိတ်ဆိတ်နေတော့
နှလုံးသားက ဘယ်သောခါမှ
ရုန်းမရပြီလေ♥♥♥

နှစ်ဦးကြားမယ် မပွင့်လင်းခြင်း
နဂိုအစ သံသရမလား
မောင်ကတော့လေ ဖြူစင်ချစ်နဲ့
ဖေးမအားရယ် တွဲလို့ခေါ်ယူ
နှလုံးလှသူမို့ မောင့်ကိုလေ
ကျွန်မကဖြင့်♥♥♥♥♥♥
♥♥♥♥♥♥နှလုံးသားမှ မောင်
♥♥♥♥♥♥♥♥♥မေ့ဘဝရဲ့ မောင်
♥♥♥မောင်♥မောင်♥မောင်♥မောင်
မောင် လို့သာပင်ခေါ်ပါရစေ မောင်......

No comments:

Post a Comment