ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, September 14, 2013

နှလုံးသားမှ ငယ်

နှလုံးသားမှ ငယ်
......................

သစ္စာလမ်းမှာ
မေတ္တာဓါတ်တွေလွှမ်းလို့
ချစ်စရာ စမ်းရေတွေ
စီးကျလာတာကိုမှ
ငါ ဖွင့်လှစ်ပြခဲ့တာပါ
နှလုံးသားမှ ငယ် ...

နယူတန်ရဲ့ နိယာမ လား
စေတန်ရဲ့ ခိုင်းစေချက်လား
သဘာဝရဲ့ အချစ်သဘောကြောင့်
အကြွင်းမဲ့ သံယောဇဉ်တွေနဲ့
နှောင်းဖွဲ့ခိုင်မြဲစွာ ကြိုးတွေကိုမှ
ငါက အရူးအမူးကျစ်ခဲ့မိတာပါ
နှလုံးသားက ငယ် ....

ငါ့ သက္ကရာဇ်တွေက ဝေဝါးဝါး
အချစ်တွေက ခပ်များများ
စိတ်တွေကလည်း ယောင်မှားမှား
သေခြာဆန်းစစ်လိုက်ကြည့်တော့
ဘယ်ဖက်ရင်အုံ လှိုင်းတံပိုးအစုံနဲ့
အလင်းထက်မြန်တဲ့ အသံတွေ
တုန်ခါသွားတာကတော့ဟာ
နင့်ကိုမှ အရမ်းချစ်မိသွားလို့ပါ
ငါ့ နှလုံးသားက ငယ် ရာ .......

No comments:

Post a Comment