သိ ပါ တော့ မောင်
- - - - - - - - - -
ရင်ထဲက အချစ်တွေကို
ဖွင့်ဟကာရယ် ပြောပါမှ
သိမှာတဲ့လား မောင် ....
မောင်မမြင် မောင်မသိပေမယ့်
မောင်သိရင် ကျေနပ်ပါရဲ့လို့
သွယ်ဝိုက်ဥာဏ်နှယ် မာယာဟန်နဲ့
စိတ်ခြင်းနွယ်ကာ နှလုံးသားပင်
နီးကာနေလို့ ဖွင့်မပြောညား
မသိပါလား မောင် ....
ကျွန်မကလေ မိန်းမသားမို့
မချစ်သောသူဆို ယောင်လို့ရယ်ပင်
viber တစ်သွယ် ဖေ့ဘုတ်ရယ်နဲ့
နှစ်ကိုယ်ကြားတွေ ဘာလို့ပြောမလဲ
စဉ်းစားကြည့်ပေါ့ မောင် ....
ရွှေရင်ယိမ်းလို့ တွယ်တာကျွမ်းပ
မတိမ်းပဲနဲ့ စိမ်းရမလား?
မပြောပဲနဲ့ မသိဘူးလား?
လူနုံကြီးရယ် လူအကြီးလို့
ရွဲ့ကာမဲ့ရင်း ပြောလိုက်ချင်ပေါ့
သိ သိ ပါ တော့ မောင် ....
- - - - - - - - - -
ရင်ထဲက အချစ်တွေကို
ဖွင့်ဟကာရယ် ပြောပါမှ
သိမှာတဲ့လား မောင် ....
မောင်မမြင် မောင်မသိပေမယ့်
မောင်သိရင် ကျေနပ်ပါရဲ့လို့
သွယ်ဝိုက်ဥာဏ်နှယ် မာယာဟန်နဲ့
စိတ်ခြင်းနွယ်ကာ နှလုံးသားပင်
နီးကာနေလို့ ဖွင့်မပြောညား
မသိပါလား မောင် ....
ကျွန်မကလေ မိန်းမသားမို့
မချစ်သောသူဆို ယောင်လို့ရယ်ပင်
viber တစ်သွယ် ဖေ့ဘုတ်ရယ်နဲ့
နှစ်ကိုယ်ကြားတွေ ဘာလို့ပြောမလဲ
စဉ်းစားကြည့်ပေါ့ မောင် ....
ရွှေရင်ယိမ်းလို့ တွယ်တာကျွမ်းပ
မတိမ်းပဲနဲ့ စိမ်းရမလား?
မပြောပဲနဲ့ မသိဘူးလား?
လူနုံကြီးရယ် လူအကြီးလို့
ရွဲ့ကာမဲ့ရင်း ပြောလိုက်ချင်ပေါ့
သိ သိ ပါ တော့ မောင် ....
No comments:
Post a Comment