ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, September 20, 2013

မဖြစ်နိင်ရင် မချစ်ပါနဲ့လား ညို

မဖြစ်နိင်ရင် မချစ်ပါနဲ့လား ညို
--------------------------------

ပကာသန အတွက်
ငါ့ အချစ် ငါ့ မေတ္တာတွေကိုမှ
ထာဝရ သက်ခဲ့လေသလား ညို ....

နာကျင်စရာ အရိပ်တွေက
သည်ရင်မှာ မတိတ်သေးတော့
တစ္ဆေကောင်နှယ် ပူးကပ်နွယ်ရင်း
ငါ့ ကမ္ဘာမှာ လ ဆိုတာတောင်
မသာတော့ မလင်းတော့ပါဘူး ညို ...

ညိုရေ ကမ်းစပ်မှာလေ
ဇင်ယော်တွေရယ် ဟင်္သာတို့က
တွဲယှက်ကာ တူယှဉ်ပျံရင်း
ချစ်ကြွေးသံတွေ ညံညံစီတော့
တစ်ချိန်တုန်းက သည်ရင်မှာလေ
နင် ဝင်ပုန်းပြီး ချစ်ခွန်းဖွဲ့သီ
လွမ်းတေးတွေကို သီကုံးတာက
ပြောမဆုံးပေါင် တောသုံးထောင်ပါ ညို ...

ဂုဏ်ဓနက သုညမို့ သတ်မှတ်ရင်လည်း
ဟင်း ............
နင် မဖြစ်နိင်ရင် အစကမချစ်ပဲ
နေလိုက် နေလိုက် ပါလား ဟာ
ခုများတော့ ...........
မရွှင်အသည်းနာ ငါ လေ
ရင်ခွဲသာ ပြလိုက်စမ်းချင်ပါတယ် ညိုရယ် 

No comments:

Post a Comment