ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, September 5, 2013

မောင့်အသက်သေမှ ဖြစ်တော့မည်

မောင့်အသက်သေမှ ဖြစ်တော့မည်
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ဝေဒနာတွေ ကံသင့်သူမို့
ကြေငြာရန် မသင့်ပေမယ့်
မဖြေသာ နွေတစ်ရာပူလို့
ဖွင့်ကာသာပင် ပြောပါရစေတော့
နားနဲ့မနာ နှလုံးသားနဲ့နာခါ
ခံစားကြည့်ပါ ချစ်သော ခင်ရယ်♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ခင့်အပေါ်ထားတဲ့ မောင့်ချစ်ခြင်းကို
နှစ်မွှာအသည်းမှာ ရင်ခွဲလို့သာလေ
ပြလို့ရရင် ပြလိုက်စမ်းချင်ပါရဲ့နော်
ဘာသာရယ်မတူ တမင်ကျီစားလို့များ
ပြောနေသလားလို့ မယုံတစ်ဝက်
ယုံတစ်ဝက်နှင့် ဓါးထက်ထက်နဲ့မှ
မောင့်ရင်ကိုခွဲ ပျော်ပါရဲ့လားကွယ်လို့
မမေးရက်တော့ပါဘူး သည်းဆိုဦးရယ်♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
မောင့်ရဲ့အချစ်တွေ မည်မျှရှိလဲ
မမေးစမ်းနဲ့ မစမ်းသပ် စမ်းပါနဲ့လား
အမေပေးသော အသက်ကိုမှလေ
ခင့် အတွက်သာပင် ရည်စူးလို့
အဲဒီလောက်ထိ မောင် ဟာအချစ်ရူးပါ
အချစ်ဦးကိုယ်စီ မဟုတ်ကြပေမယ့်
ခဲမှန်ဖူးတဲ့ စာသူငယ်လေးက
မေတ္တာအချစ်တွေ ငတ်ခဲ့ရသူမို့
ဒုတိယအကြိမ် မောင့် အသည်းတွေ
ကွဲလိုက ကွဲပါစေတော့ရယ်လို့
သေဘေးကိုတဲ့ မမြင်သာပဲ
ချစ်မိတဲ့ ဝေဒနာတွေကို
မောင် ဖွင့်ဟမိခဲ့တာပါ ခင်ရယ်♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အချစ်များ မည်သည်မှာတော့ကွယ်
ဆင်းရဲချမ်းသာ မရှိပါဘူး
စီပွားရေးနဲ့ လူမှုရေးလည်း
ရောထွေးကာမသွား မောင်သိညားပါ
ယုတ်စွအဆုံး ဘာသာကမတူ
လူမျိုးရယ်ခြား ဖြစ်လင့်ကစားအုံး
ချစ်သူတွေတော့ ဖြစ်သွားကြတာ
အချစ်ဆိုတဲ့ သံယောဇဉ်ကြိုးက
ဖြတ်လို့မလွယ်သော နွယ်တစ်ပင်အလား
လောကကြီးရဲ့ နိယာမတရားပါ ခင်♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ခင်တို့ဘာသာ ခင်တို့သာသနာက
သူများလည်လှီး ပျော်စည်တီးလို့
သွေးစိမ်းရှင်ရှင် ထွက်ကာကြမှ
ဝမ်းဝပါသလား? ပြောပြစမ်းပါ
ဘာသာရယ်မတူ မျိုးနွယ်ရယ်ခြား
မောင့်ဘာသာရော ဝင်နိင်ပါသလား ?
ခင်တို့ဘာသာ မောင်မစော်ကားလို့
ခင်တို့သာသနာလည်း မကောင်းမပြောပါ
မောင်တို့ဘာသာ မောင်တို့သာသနာက
ဗုဒ္ဓဟောကြား မြတ်တရားမှာ
ဓမ္မဒေသနာ ရှိနေသားလေ
သူ့လည်ကိုလှီး ဝမ်းဝမယ့်ခရီးတော့
ကံတစ်ပါးကိုပင် ချိုးဖောက်ပါလို့
မလျှောက်လှမ်းပါရစေနဲ့လား ကွယ်♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အပျော်လည်းမချစ် အသစ်လည်းမရှာ
ဘဝအဖော်ပါလို့ မှတ်ထင်ထားသူက
ခုများဆို အစဉ်ဝေးတော့မှားလားလို့
ရင်အေးကာ စားလို့မဝင် အိပ်မပျော်ဘူး
မချစ်လို့မှ မဟုတ်တာပဲ ချစ်သူရယ်လေ
အသက်တစ်မျှပင် မောင်ချစ်ပါရဲ့နော်
ဆုတ်ရင်လည်းစူး စားရင်လည်းရူးနဲ့
မထူးတော့မဲ့ သည်အခြေအနေမှာ
သေသွားတာမှ ကောင်းလိမ့်မယ်လို့
မောင် ထင်မိပါတယ် ချစ်သောခင်ရယ်♥

No comments:

Post a Comment