ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, September 3, 2013

အဝေးရောက် ချစ်သူမောင့်ထံသို့



အဝေးရောက် ချစ်သူမောင့်ထံသို့
-----------------------------------

ဝါဆိုဝသန်
ပြိုနေတဲ့ မိုးစက်တွေကြားမှာ
ကျွန်မ မျက်ရည်စတွေနဲ့အတူ
အရမ်းသတိရနေမိတယ် မောင် ...

ပန်းပေးရင် အလှမ်းဝေးမှာ
ကြောက်တဲ့ မောင် ကလေ
ပန်းဆိုတာ မပေးခဲ့ပါပဲ
ဒေါနပန်းတွေ သောကဆန်းလို့
မုန်းဖို့ လက်တို့ မျက်ရည်စို့မှ
ခွဲခွာအဝေး ထွက်လို့ပြေးသလား မောင် ...

တစ်နိင်ငံရယ် ရေမြေခြားလို့
စာကဗျာတွေ အမှာတော်ပါးပေမယ့်
ကာရန်မပိုင် လင်္ကာတွေမနိင်တဲ့
အချစ်သမလေး ဘဝပါ မောင် ...

သိကြားစေ သက်သေညွှန်းလို့
ဝါဆိုဝသန် မိုးစက်တွေကို
တိုင်တည်ရင်း သစ္စာပြုနေမိတယ်လေ
ကျွန်မချစ်ရတဲ့ ကျွန်မချစ်သူ
မောင် တစ်ယောက်တော့ဖြင့်
ဘေးအန္တာရယ် အသွယ်သွယ်ဝေးလို့
မဝေးသောတစ်နေ့ မနီးသေးသောရက်တွေမှာ
လွမ်းရ အခါခါ ကျွမ်းရ ဗျာပါ
စိတ်ဝယ်ဖိစီး အချစ်ခရီးကို
မနှေးအမြန် နီးပါစေကြာင်း
ဆုတွေသာ အကြိမ်ကြိမ် ကျွန်မလေ
တောင်းနေမိတယ် မောင် ရယ် ....

No comments:

Post a Comment