ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, September 26, 2013

ခံစားနိင်ပါစေသား သခင်ရယ်


ခံစားတတ်သူ နှလုံးသား
---------(ခ)-----------
ခံစားနိင်ပါစေသား သခင်ရယ်
*****************

ကျွန်တော်နှလုံးတွေ ကြွေမွ
အချစ်တွေပင် မြေခပါမှ
သိမှာလားကွယ် သခင်ရယ် ....

နှလုံးသားက အချစ်တွေကို
ရင်ထဲမှာလေ အချစ်ပင်များ
ပျိုးလို့ရလည်း အကောင်းသားနော် ....

သခင် မကြင် တမင်စိမ်းပေမယ့်
ကျွန်တော်မျိုးက မတိမ်းနိင်ခဲ့သူမို့
သဒ္ဒါလွန်ရစ် နယ်ကျွံနစ်လို့
သည်အချစ်တွေကို နူတ်တစ်ရာ
စာတစ်လုံးရယ်နဲ့ ဖွင့်ဟခဲ့သူက
သေဘေးကိုလည်း မမြင်သာ
ချစ်မိတဲ့ စွမ်းအင်တွေပါ သခင်ရယ် ....

မခံစားတက်လေ ခြင်းလားကွယ်
ကျွန်တော်ရင်မှ အပူမီးတွေကို
သိလျှက်မခေါ် တွေလို့ပင်စိမ်း
ဩော် ......
သူစိမ်းတွေလို့ သတ်မှတ်လေသလား
နှလုံးသားက ငိုပွဲဆင်လည်း
အသည်းကတော့ မာချက်
ကျွန်တော်အချစ်က မာယာမပါ
စွန့်လွတ် အေးမြခြင်းတွေပါလေ
သေးဘေးကို သိပေမယ့်
အနော်ရထာ မာန်ရှသလို့များ
သုဘဒ္ဒါ မုန်းမာန်ပျိုးသလို့များ
မချစ်တတ်တဲ့ နှလုံးသားကို
သခင်ရင်မှာ ပိုက်ခဲ့ရင်လည်း
ကျွန်တော်မျိုးရဲ့ ဘဝတော့
အမြဲသေဆုံးပါရစေလား သခင် ရယ် ....

No comments:

Post a Comment