ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, September 26, 2013

ယုံကြည်ပါတော့ ခင်




ယုံကြည်ပါတော့ ခင်
---------------------


 အေးမြတဲ့အဆင်း
နွေးထွေးတဲ့အလင်းတွေနဲ့
မောင့် ရင်ခွင်မှာ
ဘယ်အချိန်များမှ
ခိုလုံမှာလည်း ခင် ....

အရိပ်နေ အခက်မချိုးပါဘူး
ခင့် ဥယျာဉ် ဝေဆာမြူးအောင်
မောင့်ကလေ ရေလောင်းကာ
ပေါင်း သင်ချင်သူမို့ ...

ခင်ရေ ....
တစ်သက်တစ်ခါ 
တစ်လွှာတစ်ပွင့်
ငုံ အဆင့်နဲ့
ပွင့်လိုပင်ကြွေ
ရင့်လို့ပင်ဝေအုံး
မငြူစူပါ
ကောက်ယူနမ်းမဲ့
မောင့် အချစ်ကိုယ်ဖြင့်

ယုံစမ်းပါတော့လား ခင် .... 

No comments:

Post a Comment