ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, September 3, 2013

ယုံကြည်ပေးပါ ခင်(ခ) အရမ်းချစ်လို့ ပါ ခင်

ယုံကြည်ပေးပါ ခင်(ခ) အရမ်းချစ်လို့ ပါ ခင်
------------------- **************

ကန္တာရ ခရီးကို ဖြတ်ရဲမှတော့
အိုအေစစ်တွေ မလိုပါဘူး ခင် .....

အချစ် ဆိုတာတွေက
သည် ရင်မှာဖြစ်တည်၍
ထပ် ရှင်သန်လာလေတော့
ဒုတိယံမိ အသည်း ကွဲလိုက
ကွဲ ပါစေတော့ရယ်လို့
ပွင့်လင်းစွားနဲ့ ရင်ဖွင့်ပြခဲ့မိတာပါ ခင် ....

အွန်လိုင်းဆိုတာ သိပေမယ့်
ရိုးသားစွာ ချစ်ခွင့်တောင်းမိခြင်းပါ
မေတ္တာငတ်သူမို့ မေတ္တာသုတ်တွေနဲ့
လှစ် ကာထုတ်မိတာကလည်း
လူရယ်လို့ဖြစ်တည်လာတဲ့ ကမ္ဘာဦးအစ
ဟိုး ယခင်လူသားတွေ ကတည်းကပါ
မေတ္တာဟာ အေးမြပေမယ့်
ချစ်တဲ့သူတိုင်း မညားကြတာကလည်း
လောကကြီးရဲ့ နိယာမပါပဲ ခင် ....

ရင်ထဲကအချစ်တွေကို ပြောပြဖို့
ဝေါဟာရ အနက်အဓိပ္ပါယ်တွေကို
ရှာဖွေ့လို့ မတွေ့သေးတာလည်း
အချစ်ဆိုတဲ့ ခက်ဆစ်ကြီးကလေ
အရမ်းကြီးကျယ် လွန်းနေတယ် ခင် ....

မှန်သောစကားတော့ ဆိုပါမည်လေ
အကို့ အချစ်က ခန်းခြောက်တက်တဲ့
ရေအိုင်တော့ မဟုတ်ရပါဘူး
မှန်းစလို့ မရတဲ့ ပင်လယ်ပြင်ပါ
ခင် ပစ် လိုက ပစ် ကမ်း လိုက ကမ်း
အဆုံးဆိုတဲ့ ဇတ် မှာတော့ အပြုံးတွေနဲ့
နှစ်ယောက်အတူတူ ပျော်ရွှင်ချင်မိတယ်
မချစ်ထိုက်လို့ မုန်း မည်ဆိုကလည်း
ချစ်မိသူ အသဲကြွေပြုန်းသလို
ဘဝတွေ အမြဲသေဆုံးသွားမှာတော့
ယုံကြည်ပေးပါ ချစ်ရတဲ့ ခင်ရယ် .....


 

No comments:

Post a Comment