သူမသည်သာ မြတ်နိုးရာ
=============
သူ့ ရဲ့အေးမြတဲ့ အသံလေးတွေ
မကြားရတာ တော်တော်ကြာပေါ့
ကျွန်တော်မှာ အလွမ်းဖြေစရာဆိုလို့
ဖုန်း ဝေါက သူ့ပုံလေးရယ်
ကျွန်ပြူတာ ဒက်စတော့က
သူ့ပုံရိပ်လေးတွေကသာ .........
ကျေနပ်ပါတယ်လေ
မချစ်ခြင်လို့ များ
စိမ်း ခြင်လည်း စိမ်း
တိမ်း ခြင်လည်း တိမ်း
သည်ရင်မှ အချစ်တွေက
မယိမ်းလေခြင်းမို့
ကျွန်တော်ဘဝအတွက်တော့
သူမသည်သာ မြတ်နိုးရာ ....
No comments:
Post a Comment