ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, September 14, 2013

နားလည်ကြစေ ချစ်မိတ်ဆွေ

နားလည်ကြစေ ချစ်မိတ်ဆွေ
===============

သဘာဝရဲ့ တရားကိုမှ
ဘာလို့များ တို့တစ်တွေက
ပကာသန အမှားတွေနဲ့
ပိုင်းဖြတ်နေကြ မလည်းနော် ....

ဆင်းရဲချမ်းသာ အတိတ်ကံပါ
လူကိုလူခြင်း စာနာကင်းလို့
သူလည်းမဟုတ် ငါလည်းမဟုတ်
အပုတ်ကောင်တွေ ရုပ်ဆောင်တာကို
မကောင်းစိတ်မွေး ယုတ်မာရေးနဲ့
ကိုယ့်ထက်သာက ရန်လိုရေးတွေ
မရှိအစဉ် ကင်းကြပါလျှင်
တို့စိတ်တွေများ အေးချမ်းအစဉ် ....

နှောင်းအတိတ်ရဲ့ ဘဝကံကြောင့်
တောင်းလို့စားနေ နူနေလျှင်လည်း
ရူကာမြင်ကြည့် လူ့အသိနှင့်
ကြီးသူရိုသေ ငယ်သူသနား
ရွယ်တူလေးစား ဥာဏ်ခွန်အားနဲ့
တန်ဖိုးလေးတွေ ထားတက်ပါလျှင်
တို့စိတ်တွေလည်း သာမယ်အစဉ် .....

ကိုယ့်ထက်နိမ့်ပါး ဆင်းရဲသားအား
ကဲ့ရဲ့တစ်မျိုး ပြစ်ပယ်ဆိုးနဲ့
စိတ်ဝယ်မထား သဒ္ဒါအားရွှင်
ရိုင်းပင်းလို့ပင် ရှိကြပါလျှင်
တို့နှလုံးသား လှပထာဝစဉ် ......

No comments:

Post a Comment