သေခြာစဉ်းစားပါ ရှင်
-------------------------
မိန်းမသားမို့ မိဝေး ဖဝေး
မွေးရပ်ဝေးလို့ နိင်ငံရပ်ခြား
တိုင်းတစ်ပါးမှာ မပျော်တစ်ဝက်
ပျော်တစ်ဝက်နှင့် ခြွေတာစုဆောင်း
နည်းလမ်းကောင်းနဲ့ ပို့ကာလစဉ်
ထာဝရစဉ်မို့ ရင်ဝယ်မှန်းစ
မျက်ရည်များဖြင့် တမ်းတတယ် .....
သူစိမ်းစကား သွေးထိုးညားကာ
ယောင်လို့ပင်လေ လာမပြောနဲ့
နိင်ငံရပ်ခြား တိုင်းတစ်ပါးမို့
ထမိန်ဆိုတာ ဝတ်ဖို့အရေး
ဘယ်လိုပင်တွေး ရမလဲလေ
အဖေမြန်မာ အမေမြန်မာ
မွေးဖတူရင်း ဗုဒ္ဓဆင်းတယ်
မြန်မာစစ်စစ် လူမျိုးချစ်မို့
သေလျှင်ပင်လေ အမိမြေမှာ
ခေါင်းချသွားမယ့် မိန်းကလေးပါ ရှင် .....
မတော်တန် အတွေးတွေနဲ့တော့
မလျော်ကံ စကားတွေကို
မပြောကြေးပေါ့ ခုတော့
မောင်မင်းကြီးသား ရှင်တို့များက
ဘောင်းဘီဝတ်တာ ရိုင်းသတဲ့လား
ခေတ်အလိုက်ရယ် ခေတ်အကြိုက်နဲ့
ဝတ်ရရိုးလည်း မဟုတ်ရိုးပါ
သူနိင်ငံမို့ ဇရိုက်ပုံဖော်
ဝတ်ရတာကို မသိတာလားနော်
အချိတ်ထမိန် ပိုးလို့တမ်းတ
လွမ်းကာငိုရ ခဏခဏကို
ဘယ်သူကမြင် ဘယ်သူသိမလည်း
ပြောပြစမ်းပါ ရှင် .....
ညစဉ်ရို့ကျိုး ရှစ်တွေခိုးရင်း
သက်ဝင်ယုံကြည် အရွယ်လွန်ပေါ့
အဝေးမြေမှ ဆွေးစိတ်ပိုကာ
နှလုံးမခြား စောင့်တရားက
ဗုဒ္ဓဟောကြား မြတ်တရားမို့
စိတ်ဝယ်အေးချမ်း ပီတိဖြန်းတယ်
ဘဝနှလုံး လွန်ရွှင်ပြုံးတယ်
မကောင်းတာတွေ လာပင်မပြောနဲ့
ကျွန်မကလေ ရိုးရာအမွေကို
တန်းဖိုးထားတဲ့ ဗုဒ္ဓဘာသာ
မိန်းကလေး စစ်စစ်ကြီးပါ ရှင် ....
No comments:
Post a Comment