ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, September 3, 2013

မနှင်းဆီ သို့

မနှင်းဆီ သို့
^^^^^^
 
အသွင် သစ်ဆန်း
တင့်တဲ့ ပန်းမို့
အဆင် သွေးက
ရင်အေး ပ တစ်ကား ....

လှသွယ် ကြွယ်လို့
နန်းထိုက် ဝင်စား
ပန်းတစ် ပါးလား
ခြွေချင် သူတွေ
ပေါပါ ဘိနဲ့
ဆူးများ ရံခြယ်
ကာရန် ပေးပါကွယ် ....

ဂုဏ်အင် စုံစွာ
မွှေးပျံ့ ကြိုင်သင်း
ရူပါ ဆင်းနဲ့
ဝင့်မှည့် ပြည့်ဖြိုး
အချစ် တိုးကာ
ဆွတ်ခူး မယ်ကွယ်
မောင် ကြံရွယ်တော့
ဆူး များစွာကို
မောင့် အတွက်များ
ရုတ်သိမ်း ကာရယ်
ပေးမှာ လားကွယ်
နှင်း ဆီ ရယ် .....

No comments:

Post a Comment